PDF အမည်ခံအကြမ်းဖက်သမားများက ဘာသာရေးကဏ္ဍအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း

အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သော CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံအကြမ်းဖက်သမားများဖြစ်သော PDF အမည်ခံ သောင်းကျန်းသူများက နိုင်ငံအလုံးစုံပျက်သုဉ်းရေးဦးတည်လျက် ဘက်ပေါင်းစုံမှ အကြမ်းဖက်လုပ်ငန်းများကို  နည်းမျိုးစုံဖြင့် တိုးမြှင့်လုပ်ဆောင်လျက်ရှိသည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များမရှိသည့် သာသနာ့ဝန်ထမ်းများနှင့် ဘာသာရေး အဆောက်အဦများအား ပစ်မှတ်ထား၍ တိုက်ခိုက်လျက်ရှိပါသည်။

· ဇန်နဝါရီလ ၁၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မြို့နယ်၊ သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးသည် မိတ္ထီလာခရိုင်၊ သာသနာရေးမှူးရုံးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန်အတွက် ကလေးမြို့မှ မိတ္ထီလာမြို့သို့ ‌ခရီးသည်တင်ယာဉ်ဖြင့်ထွက်ခွာလာစဉ်  PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်အား တားဆီးကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့။

· ဇန်နဝါရီလ ၁၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်း အဖျက်အမှောက်လုပ်ငန်းများဆောင်ရွက်ရန်အတွက် ယဉ်ကျင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိစုဝေးနေကြောင်း ဆူပူအကြမ်းဖက်မှုကို မလိုလားသည့်ကျေးရွာသားအချို့က သက်ဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်ဆက်သွယ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ချေမှုန်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့။

· ၎င်းတို့နေထိုင်ခဲ့သည့် ဘုန်းကြီးကျောင်းအတွင်းမှ လက်လုပ်တစ်ထောင့်ထိုးသေနတ် ၂၀ လက်၊ ခါးချိုး ၁၂ ဗို့ သေနတ် ၁ လက်၊ အီနာဂါ ဗုံးသီး ၁ လုံး၊ ကျည်မျိုးစုံ ၁၂၅ တောင့်၊ လက်လုပ်မိုင်း ၁၀ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ လမ်းလျှောက်စကားပြောစက် ၂ လုံး၊ မော်တော်ဆိုင်ကယ် ၂၀ စီး၊ မော်တော်ယာဉ် ၁ စီး၊ အကြမ်းဖက်မှုလုပ်ငန်းများတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် ဒေသခံပြည်သူများထံမှ အတင်းအဓမ္မကောက်ခံထားသည့် ဆန်အိတ်များနှင့် ကြက်သွန်နီအိတ်များအား သိမ်းဆည်းရမိခဲ့။

· ဇန်နဝါရီလ ၁၄ ရက် ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးပရိဝုဏ်အနီး သာသနာ ၂,၅၀၀ ဝင်းအတွင်းသို့ ဆိုင်ကယ်စီးနင်းလာသည့် PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦးက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ရာ ၎င်းဝင်းအတွင်း ရှိ အဆောင်ရှေ့ပန်းစိုက်ခင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူ၊ တိရစ္ဆာန်ထိခိုက်မှုမရှိ။

 CRPH ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန်အတွက် အသုံးပြုမည့်လက်နက်/ခဲယမ်းများကို အများပြည်သူယုံကြည် ကိုးကွယ်ရာဖြစ်သော ဘုန်းတော်ကြီးကျောင်းအချို့အတွင်း သိုဝှက်သိမ်းဆည်းခြင်း၊ စခန်းချနေထိုင်ခြင်း၊ ရဟန်း၊ သံဃာတော်များအား ဖမ်းဆီး သတ်ဖြတ်ခြင်းနှင့် သီတင်းသုံးဆောင်ရာ ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် ယခုကဲ့သို့ ပြည်သူတစ်ရပ်လုံး၏ အထွတ်အမြတ်ထား ပူဇော်လျက်ရှိသော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးပါမကျန် သာသနာတော်ညှိုးနွမ်းပျက်စီးစေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် လုပ်ဆောင်ခဲ့မှုအပေါ် ပြည်သူတစ်ရပ်လုံးက ရွံရှာမုန်းတီးလျက်ရှိပါသည်။

သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်နေမှုများအပေါ် အထောက်အကူရရှိစေရန် အကြမ်းဖက်သမားများ၏သတင်းများကို ရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်သတင်းပေးပို့ကြပါရန် တိုက်တွန်းသတင်းထုတ်ပြန်ထားပါသည်။

  • ကလေးမြို့နယ်၊ သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးသည် မိတ္ထီလာခရိုင်၊ သာသနာရေးမှူးရုံးသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန်အတွက် ကလေးမြို့မှ မိတ္ထီလာမြို့သို့ ‌ခရီးသည်တင်ယာဉ်ဖြင့်ထွက်ခွာလာစဉ်  PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်အား တားဆီးကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့။
  • PDF အမည်ခံ အကြမ်းဖက်သမားများသည် အဖျက်အမှောက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရေဦးမြို့နယ်အတွင်ယဉ်ကျင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရောက်ရှိစုဝေးနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ချေမှုန်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့။
  • ချမ်းမြသာစည်မြို့နယ်ရှိ အထွတ်အမြတ်မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ်အနီး သာသနာ ၂,၅၀၀ ဝင်းအတွင်းသို့ ဆိုင်ကယ်စီးနင်းလာသည့် PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦးက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ရာ ၎င်းဝင်းအတွင်းရှိ အဆောင်ရှေ့ ပန်းစိုက်ခင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူ၊ တိရစ္ဆာန် ထိခိုက်မှုမရှိ။
  • CRPH NUG PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ပြည်သူတစ်ရပ်လုံး၏ အထွတ်အမြတ်ထား ပူဇော်လျက်ရှိသော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးပါမကျန် သာသနာတော်ညှိုးနွမ်းပျက်စီးစေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် လုပ်ဆောင်ခဲ့မှုအပေါ် ပြည်သူတစ်ရပ်လုံးက ရွံရှာမုန်းတီး လျက်ရှိ။

 

 

Add new comment