မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများအား တပ်မတော်လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် နေ့စဉ်ပို့ဆောင်ပေးလျက်ရှိရာ ဇွန်လ ၉ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးပို့သော ဆန် ၁၆၀ အိတ် (၈ တန်) ကို မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကလေးလေဆိပ်သို့လည်းကောင်း၊ ဇွန်လ ၁၀ ရက်တွင် ပညာရေးဝန်ကြီးဌာနက လှူဒါန်းသည့် အခြေခံစားသောက်ကုန် ၂.၃ တန်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စစ်တွေလေဆိပ်သို့လည်းကောင်း တပ်မတော်(လေ) ရှိ လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။
သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်(လေ)ရှိ လေယာဉ်/ရဟတ်ယာဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့အချိန်ထိ ထောက်ပံ့ရေးပစ္စည်း ၄၉၃.၃ တန်၊ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ တွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်း ၃,၂၇၆ ဦးတို့အား ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း၊ လေဆိပ်များသို့ ရောက်ရှိသည့် ကယ်ဆယ်ရေးပစ္စည်းများအား မုန်တိုင်းဒဏ်သင့်ဒေသများသို့ ရဟတ်ယာဉ်များဖြင့် ဆက်လက်ပေးပို့ဖြန့်ဖြူး လျက်ရှိရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၆-၂၀၂၃)
-
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်လေယာဉ်/ရဟတ်ယာဉ်များဖြင့် ယနေ့အချိန်ထိ ထောက်ပံ့ရေးပစ္စည်း ၄၉၃.၃ တန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်း ၃,၂၇၆ ဦးတို့အား ပို့ဆောင်ပေးနိုင်ခဲ့။
Add new comment