ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာကျော်ဆန်းဝင်းနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာဇန်မြို့၌ ဇွန်လ ၇ ရက်မှ ၉ ရက်အထိ ကျင်းပမည့် ပညာရေးဝန်ကြီးများ၏ အပြည်ပြည်ဆိုင်ရာဖိုရမ် သို့တက်ရောက်ရန် ဇွန်လ ၅ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ရာ ကာဇန်မြို့သို့ ဇွန်လ ၇ ရက်တွင် ရောက်ရှိခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည်-
-
ဇွန်လ ၇ ရက်နှင့် ၈ ရက်တို့တွင် National Library of the Republic of Tatarstan သို့ သွားရောက်၍ စာအုပ်ငှားရမ်းမှုစနစ်၊ စာဖတ်ခန်းများ၊ စာအုပ်ဟောင်းများ ထိန်းသိမ်းထားရှိမှုများကို ကြည့်ရှုလေ့လာပြီးနောက် “Uram” အားကစားရွာသို့ ရောက်ရှိကာ လူငယ်များ အားကစားလေ့ကျင့်နေမှုကိုလည်းကောင်း၊ DJ School သို့လည်းကောင်း၊ Innopolis မြို့ရှိ Innopolis တက္ကသိုလ်သို့ သွားရောက်ပြီး အဆိုပါတက္ကသိုလ်တွင် ပို့ချလျက်ရှိသော ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ၊ ကျောင်း သားအဆောင်များ၊ စားသောက်ဆိုင်များ၊ တက္ကသိုလ်ပရိဝုဏ်အတွင်းရှိ Business Centres များ၊ ကာဇန်မြို့တွင်းရှိ ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖြစ်သော Kazan Kremlin၊ Mother of God ဘုရားကျောင်းနှင့် သမိုင်း ဝင်အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့။
-
ဇွန်လ ၈ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့ IT Park ၌ ကျင်းပသော “Shaping the Future” ပညာရေးဖိုရမ်ဖွင့်ပွဲအခမ်းအနား၊ မျက်နှာစုံညီအစည်းအဝေးတွင် Plenary Session ပထမပိုင်းနှင့် ဒုတိယပိုင်းအစီအစဉ်များကို တက်ရောက်ခဲ့။
-
ဇွန်လ ၈ ရက် ညနေပိုင်း၌ Federal University တွင် ရုရှားဖက်ဒရေးရှင်းသိပ္ပံနှင့်အဆင့်မြင့်ပညာဆိုင်ရာ ပညာရေးဝန်ကြီး FALKOV Valeriy ၊ ဒုတိယဝန်ကြီး MOGILEVSKIY KONSTANTIN၊ Kazan Federal University မှ ပါမောက္ခချုပ် SAFIN Lenar၊ TERA-SHKEVICH Sergey (Deputy Director of the Department of International Cooperation of the Ministry of Education)၊ SHUMEYKINA Margarita (Counsellor of the Department of International Cooperation) တို့နှင့် သွားရောက်တွေ့ဆုံကာ ပညာသင်ဆုပေးအပ်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၏ အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ၊ ဆရာအတတ်ပညာကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
-
ဇွန်လ ၉ ရက်တွင် ကာဇန်မြို့ရှိ Old Tatar Sloboda သို့ သွားရောက်လေ့လာခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ပညာရေးဝန်ကြီး H.E. Mr. Sergey Sergeevich Kravstov က IT Park ၌ ဂုဏ်ပြုတည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ရာ နိုင်ငံအသီးသီးမှ ပညာရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များက ၎င်းတို့၏အတွေ့အကြုံများ၊ ပူးပေါင်းဆောင်ရွက်မှု ရလဒ်ကောင်းများနှင့် အမြင်များကို ဆွေးနွေးဖလှယ်၍ ပြောကြားခဲ့။
အဆိုပါ ပညာရေးဖိုရမ်ကို "Shaping the Future" ဦးတည်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ပြီး အနာဂတ်ပညာရေးကို ပုံဖော်နိုင်မည့် အခွင့်အလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြမည်ဖြစ်ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၆-၂၀၂၃)
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည်-
-
ဇွန်လ ၇ ရက်နှင့် ၈ ရက်တို့တွင် National Library of the Republic of Tatarstan၊ “Uram” အားကစားရွာ၊ DJ School ၊ Innopolis တက္ကသိုလ်နှင့် ကာဇန်မြို့တွင်းရှိ ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်သော ဘုရားကျောင်း နှင့် သမိုင်းဝင်အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့။
-
ဇွန်လ ၈ ရက်တွင် “Shaping the Future” ပညာရေးဖိုရမ်ဖွင့်ပွဲအခမ်းအနား၊ မျက်နှာစုံညီအစည်းအဝေးတွင် Plenary Session ပထမပိုင်းနှင့် ဒုတိယပိုင်းအစီအစဉ်များကို တက်ရောက်ခဲ့။
-
ရုရှားဖက်ဒရေးရှင်းသိပ္ပံနှင့် အဆင့်မြင့်ပညာဆိုင်ရာပညာရေးဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ပညာသင်ဆုပေးအပ်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၏ အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ၊ ဆရာအတတ်ပညာကဏ္ဍ များတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
-
ဇွန်လ ၉ ရက်တွင် ရှားဖက်ဒရေးရှင်းနိုင်ငံ ပညာရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပြီး နိုင်ငံအသီးသီးမှ ပညာရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များက ၎င်းတို့၏အတွေ့အကြုံများ၊ ပူးပေါင်းဆောင်ရွက်မှု ရလဒ်ကောင်းများနှင့် အမြင်များကို ဆွေးနွေးဖလှယ်၍ ပြောကြားခဲ့။
Add new comment