နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန်လ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ရှင်းလင်းဆောင်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်များအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ ဆောင်ရွက်ပြီးစီးပြီးလုပ်ငန်းလည်ပတ်နေမှုနှင့် ဈေးကွက်အတွင်းသို့ သက်သာ သောနှုန်းထားများဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိမှု အခြေအနေများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က

  • ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံစေရန်နှင့် သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
  • ရန်ကုန်မြို့၏ နေ့စဉ်စားရေးလိုအပ်ချက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါက မြို့နေပြည်သူများအနေဖြင့် အသားငါးများကို ဈေးနှုန်းသက်သာစွာဖြင့် ပေါများစွာ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း။
  • ပြည်သူလူထုအနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို နေ့စဉ်မဖြစ်မနေဝယ်ယူစားသုံးနေရသောကြောင့် အခြေခံစားကုန်များ ဈေးနှုန်းကြီးမားမှုမရှိစေရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင် ရေးကို အလေးထားအားပေးဆောင်ရွက်လျက်ရှိကြောင်း။
  • နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများအနေဖြင့် မိမိတို့စတင်တာဝန်ယူစဉ်ကပင် စီးပွားရေးပိတ်ဆို့ခြင်း၊  ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်အောင် ဆောင်ရွက်ခြင်း၊ ငွေကြေးလည်ပတ်မှုအခက်အခဲဖြစ်အောင် ဆောင်ရွက် ခြင်းများဖြင့် နိုင်ငံရေးအခက်အခဲ အကြပ်အတည်းများဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း။
  • ရန်ကုန်တိုင်းဒေသကြီးအတွင်း အသား၊ ငါးနှင့် ဥများလုံလောက်စွာရရှိနိုင်ရေး မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်၍ အထွက်နှုန်းတိုးတက် အောင်ဆောင်ရွက်ရန်လိုကြောင်း။
  • စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အစာများနှင့် မြေဩဇာများလိုအပ်မည် ဖြစ်ရာ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများဖြင့် တိရစ္ဆာန်အစာများနှင့် သဘာဝမြေဩဇာများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း။
  • ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများစားရေးအတွက် တိုင်းဒေသကြီးအစိုးရမှ ဆောင်ရွက်ရန်လိုသကဲ့သို့ တပ်မတော်မှလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှန်တကယ်အကျိုးရှိသည့် လုပ်ငန်းများ ဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တွင် မွေးမြူထားရှိသည့် ငါးအမျိုးအစားနမူနာပြသထားရှိမှုများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဘဲဥ၊ ထိုင်ဝမ်သင်္ဘော၊ နို့ထွက်ပစ္စည်းများ၊ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုခဲ့ပြီးနောက် မွေးမြူရေးဇုန်အတွင်းရှိ ငါးသားဖောက်လုပ်ငန်းဆောင်ရွက်နေမှု၊ ငါးမွေးမြူထားရှိမှုနှင့် ဘဲမွေးမြူထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် ခင်းကျင်းပြသထားသည့် ငါးမွေးမြူရေးလုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှု၍ တာဝန်ရှိသူများနှင့် ကုန်ထုတ်လုပ်မှုများနှင့် ရန်ကုန်မြို့တော်စားရေရိက္ခာဖူလုံမှုရှိစေရး သုံးသပ်ဆွေးနွေးခဲ့ ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၆-၂၀၂၃)

 

  • ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံစေရန်နှင့် သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်။
  • ရန်ကုန်မြို့၏ နေ့စဉ်စားရေးလိုအပ်ချက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါက မြို့နေပြည်သူများအနေဖြင့် အသားငါးများကို ဈေးနှုန်းသက်သာစွာဖြင့် ပေါများစွာ ဝယ်ယူစားသုံးနိုင်မည်ဖြစ်။
  • ရန်ကုန်တိုင်းဒေသကြီးအတွင်း အသား၊ ငါးနှင့် ဥများလုံလောက်စွာရရှိနိုင်ရေး မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်၍ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ရန်လို။
  • စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အစာများနှင့် မြေဩဇာများလိုအပ်မည်ဖြစ်ရာ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများဖြင့် တိရစ္ဆာန်အစာများနှင့် သဘာဝမြေဩဇာများကို ထုတ်လုပ်နိုင်ရန်လို။

Add new comment