နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၁/ ၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား

     အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၃) ကို ဇွန်လ ၈ ရက်တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-

  • နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် MSME လုပ်ငန်းများနှင့်ပက်သက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ သွားရောက်ပြီး အားပေးခြင်း၊ အကြံပေးခြင်း၊ ညှိနှိုင်းဆွေးနွေးပေးခြင်းတို့အပြင် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • MSME နှင့်စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်ခရီးစဉ်များတွင် လမ်းညွန်ခဲ့သည်မှာ ညွန်ကြားချက် ၁၉၀ ကျော်ရှိပြီး လုပ်ငန်းရှင်များနှင့် ဒေသခံများ၏တင်ပြချက်များမှာ အချက်ပေါင်း ၂၃၀ ကျော်ရှိကြောင်း။
  • ယင်းတင်ပြချက်များမှာ နည်းပညာ၊ ငွေကြေး၊ ဈေးကွက်နှင့် မြေနေရာ၊ ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် အခြားကဏ္ဍများပါဝင်ကြောင်း ယင်းတင်ပြချက်များအပေါ် မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အေဂျင်စီများနှင့် ချိတ်ဆက်ပြီး ကြပ်မတ်အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် MSMEနှင့်စပ်လျဉ်း၍ လမ်းညွန်သည့်အဓိက အခြေခံအချက်များမှာ ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်တိုးမြှင့်ရရှိစေရန်ဖြစ်ကြောင်း။
  • လုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ယင်းအချက်များကို လက်လွှတ်၍မရသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အေဂျင်စီများကလည်း အဆိုပါအခြေခံအချက်(၃)ချက်ကို မူတည်ပြီးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် သေချာသော ဒေသထွက်ကုန်ကြမ်းများကိုအခြေခံပြီး ကုန်ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွန်ချက်ဖြစ်သော One Regin One Product ဒေသတစ်ခု ထွက်ကုန်တစ်မျိုး ထုတ်လုပ်နိုင်အောင်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • MSME လုပ်ငန်းများအတွက် အခြေခံအချက်(၃)ချက်ဖြစ်သည့် ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်၊ ပို့ကုန်တိုးမြှင့်ရရှိစေရန် စသည့်အချက်များအပေါ်မူတည်ပြီး လုပ်ငန်းကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အေဂျင်စီများညှိနှိုင်းပြီး ထုတ်ကုန်နယ်ပယ်ကိုလည်း သတ်မှတ်လျက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း။
  • ထုတ်ကုန်ပစ္စည်းများ ပြည်ပသို့တင်ပို့ရာတွင် ဈေးကွက်နှင့်လုပ်ငန်းစဉ် ကွင်းဆက်မပျက်စေရေးအတွက် စဉ်းစားဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။
  • နိုင်ငံ့စီးပွားကိုမြှင့်တင်ရန်အတွက် MSME လုပ်ငန်းများကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံအတွက် ထုတ်ကုန်များစွာ ထုတ်လုပ်ခြင်းအားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • MSME လုပ်ငန်းများအနေဖြင့် လက်ရှိအချိန်ထိ ဒီဂျစ်တယ်နည်းပညာဖြင့် ထုတ်လုပ်မှုပိုင်း၊ ဈေးကွက်မြှင့်တင်ရေးပိုင်း၊ သတင်းဖြန့်ဝေမှုအပိုင်းနှင့် ကုန်သွယ်ငွေလွှဲသည့်နေရာများတွင် ကျွမ်းကျင်စွာ သုံးစွဲရန်ခက်ခဲနေဆဲပင်ဖြစ်သောကြောင့် ထိထိရောက်ရောက်နှင့် လွယ်လွယ်ကူကူ အသုံးပြုနိုင်အောင် နည်းလမ်းရှာဖွေ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့ပါ သည်။

လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီဝင်များက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ရှင်းလင်းဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၆-၂၀၂၃)

 

  • တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် သေချာသော ဒေသထွက်ကုန်ကြမ်းများကိုအခြေခံပြီး ကုန်ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်။
  • နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွန်ချက်ဖြစ်သော One Regin One Product ဒေသတစ်ခု ထွက်ကုန်တစ်မျိုး ထုတ်လုပ်နိုင်အောင်လည်း ဆောင်ရွက်သွားမည်ဖြစ်။
  • နိုင်ငံ့စီးပွားကိုမြှင့်တင်ရန်အတွက် MSME လုပ်ငန်းများကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံအတွက် ထုတ်ကုန်များစွာ ထုတ်လုပ်ခြင်းအားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်။

Add new comment