ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ပစ္စည်းများ ထောက်ပံ့ပေးအပ်

     ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ထောက်ပံ့ငွေ၊ ထောက်ပံ့ရေးပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်များကို ထောက်ပံ့ ပေးအပ်လျက်ရှိပါသည်။

  • ဇွန်လ ၈ ရက်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လှူဒါန်းသော ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးအား အမ်းမြို့ရှိ ရွှေအမ်းတောင် ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့။

ထိုသို့ထောက်ပံ့ပေးအပ်မှုများကို လေဘေးသင့်ပြည်သူများက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ရင်းရင်းနှီးနှီးလိုက်လံ အားပေးစကားပြောကြားကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၆-၂၀၂၃)

 

  • အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လှူဒါန်းသော ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးအား အမ်းမြို့ရှိ ရွှေအမ်းတောင်ခန်းမ၌ ထောက်ပံ့ ပေးအပ်ခဲ့။

Add new comment