(၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ဆုတံဆိပ်များ ဆွတ်ခူးရရှိ

 

          ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ဇွန်လ ၃ ရက်မှ ၉ ရက်အထိ ကျင်းပလျက်ရှိရာ ဖွင့်ပွဲအခမ်းအနားသို့ အရှေ့တောင်အာရှပြိုင်ပွဲဝင်နိုင်ငံများမှ တက်ရောက်ခဲ့ပြီး မြန်မာ နိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ မသန်စွမ်းအားကစားသမားများနှင့် တာဝန်ရှိပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြပါသည်။ အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်နိုင်ငံမှ အားကစားနည်း ၁၄ နည်းထည့်သွင်းကျင်းပရာ မြန်မာနိုင်ငံမှ အားကစား နည်း ၈ နည်းပါဝင်ယှဉ်ပြိုင်လျက်ရှိပါသည်။

  • ဇွန်လ ၄ ရက်တွင် မြန်မာအသင်းက ပြေးခုန်ပစ်နှင့် ရေကူးအားကစားပြိုင်ပွဲ များမှ  ရွှေ ၂ ခု၊ ငွေ ၄ ခုနှင့် ကြေး ၁ ခုဆွတ်ခူးရရှိခဲ့။
  • ဇွန်လ ၅ ရက်တွင် မျက်မမြင်စစ်တုရင်၊ မျက်မမြင်ဂိုးလ်ဘော၊ ရေကူး၊ ဘော်လီဘော၊ အလေးမ၊ ဘောလုံး၊ ပြေးခုန်ပစ်အားကစားပြိုင်ပွဲများမှ ရွှေ ၄ ခု၊ ငွေ ၅ ခုနှင့် ကြေး ၃ ခုဆွတ်ခူးရရှိခဲ့။
  • ဇွန်လ ၇ ရက်တွင် ပြေးခုန်ပစ်၊ အလေးမ၊ မျက်မမြင်စစ်တုရင်၊ ရေကူးအား ကစားနည်းပြိုင်ပွဲများမှ ရွှေ ၈ ခု၊ ငွေ ၃ ခုနှင့် ကြေး ၇ ခုထပ်မံရရှိခဲ့။

(၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဇွန် လ ၇ ရက်အထိ ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခုနှင့် ကြေးတံဆိပ် ၁၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၃၇ ခုဆွတ်ခူးရရှိခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ --၂၀၂)

 

 

  • (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဇွန်လ ရက်အထိ ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခုနှင့် ကြေးတံဆိပ် ၁၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၃၇ ခုဆွတ်ခူးရရှိခဲ့။

 

Add new comment