ရုရှားသမ္မတနိုင်ငံမှ ဝယ်ယူ/လှူဒါန်းသည့် Sputnik Light ကိုဗစ်ကာကွယ်ဆေးများ မြန်မာနိုင်ငံသို့ရောက်ရှိ

မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ် ရေးအတွက် ရုရှားသမ္မတနိုင်ငံမှ ဝယ်ယူထားသော  Sputnik Light တစ်သန်းနှင့် ရုရှားသမ္မတနိုင်ငံမှ လှူဒါန်းသည့် Sputnik Light လေးသိန်းတို့သည် ဇန်နဝါရီလတွင် ရောက်ရှိခဲ့ပါသည်-

· ဇန်နဝါရီလ ၁၃ ရက်တွင် ရုရှားနိုင်ငံမှ မြန်မာနိုင်ငံအတွက် လှူဒါန်းသော Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး လေးသိန်း Doses ရောက်ရှိခဲ့။

· ရုရှားနိုင်ငံမှ ဝယ်ယူသည့် Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး Doses တစ်သန်းအနက် ဇန်နဝါရီလ ၁၃ ရက်တွင် ပထမအသုတ်အဖြစ် ကာကွယ်ဆေး Doses ၄၈၈,၀၀၀ ရောက်ရှိခဲ့ပြီး ဇန်နဝါရီလ ၁၆ ရက်တွင် ဒုတိယအသုတ်အဖြစ် ကာကွယ်ဆေး Doses ၅၁၂,၀၀၀ ရောက်ရှိခဲ့။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဝယ်ယူခြင်းမှ COVISHIELD ၁၅ ဒသမ ၄ သန်း၊ Sinopharm ၂၆ ဒသမ ၇ သန်း၊ Sinovac ၃ သန်း၊ Sputnik-V ၁ သန်းဖြင့် စုစုပေါင်း ၄၆ ဒသမ ၁ သန်း၊ လှူဒါန်းမှုမှ COVISHIELD ၂ ဒသမ ၅ သန်း၊ Sinopharm ၃ ဒသမ ၆ သန်း၊ Sinovac ၆ ဒသမ ၇ သန်း၊ Covaxin ၂ ဒသမ ၂ သန်း၊ Sputnik-V ၀ ဒသမ ၄ သန်းဖြင့် စုစုပေါင်း ၁၅ ဒသမ ၄ သန်းရရှိခဲ့ရာ စုစုပေါင်း ၆၁ ဒသမ ၅ သန်းခန့်ရရှိခဲ့ပြီးဖြစ်ပါသည်။

  • ဇန်နဝါရီလ ၁၃ ရက်တွင် ရုရှားနိုင်ငံမှ လှူဒါန်းသော Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး လေးသိန်း Doses နှင့် ဝယ်ယူသည့် Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး Doses တစ်သန်းအနက် ပထမအသုတ်အဖြစ် ကာကွယ် ဆေး Doses ၄၈၈,၀၀၀ ရောက်ရှိခဲ့။
  • ဇန်နဝါရီလ ၁၆ ရက်တွင် ဒုတိယအသုတ်အဖြစ် ကာကွယ်ဆေး Doses ၅၁၂,၀၀၀ ရောက်ရှိခဲ့။
  • ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဝယ်ယူခြင်းမှ စုစုပေါင်း ၄၆ ဒသမ ၁ သန်း နှင့် လှူဒါန်းမှုမှ စုစုပေါင်း ၁၅ ဒသမ ၄ သန်းရရှိခဲ့ရာ စုစုပေါင်း ၆၁ ဒသမ ၅ သန်းခန့်ရရှိခဲ့ပြီးဖြစ်။

 

Add new comment