ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့သည့်ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုအပ် သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
- ဇွန်လ ၇ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နှင့် တာဝန်ရှိသူများသည် တပ်မတော်အထူးဆေးကုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာများမှ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့။
- ဇွန်လ ၇ ရက်တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ တီးတိန်မြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဝင်းကိုကို၊ မောင်တောမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေတို့သည် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ ကုလားတန်(၃)သင်္ဘောဖြင့် ရောက်ရှိလာသော ဆန်များအား စားသုံးသူရေးရာဂိုဒေါင်သို့ သယ်ယူပို့ဆောင်နေမှု၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ သောနေအိမ်များနှင့် အဆောက်အဦများ တည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုပြီး လေဘေးသင့်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့။
- မြေပုံမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်စိုးသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေး ကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သည့် ထောက်ပံ့ရေးပစ္စည်းများ လေဘေးသင့်ပြည်သူများထံသို့ အမြန်ရောက်ရှိရေး အစည်း အဝေးအား ဇွန်လ ၇ ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ၌ ကျင်းပ၍ စားရေးရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ဖြန့်ဖြူးရေးကော်မတီဝင်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့။
- ဇွန်လ ၇ ရက်တွင် စစ်တွေ၊ ကျောက်ဖြူ၊ ကျောက်တော်၊ မောင်တောနှင့် ဘူးသီးတောင်မြို့များသို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကားလမ်းတစ်လျှောက်နှင့် လေဆိပ်များ၌ လဲကျနေသောသစ်ပင် ကြီးများ၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်း လင်းခြင်း၊ သောက်သုံးရေဖြန့်ဝေပေးခြင်း၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့။
ထိုသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက ပြန်လည်ထူထောင်ရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၆-၂၀၂၃)
- ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ။
Add new comment