နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက်လျှောက်ထားခဲ့ရာ မတ်လ ၂၈ ရက်အထိ နိုင်ငံရေးပါတီတည်ထောင်လိုသောပါတီ ၁၃ ပါတီ၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသောပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၆၃ ပါတီ လာရောက်လျှောက်ထားလျက်ရှိပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုသောပါတီ ၅၀ အနက် ပါတီအမှတ် (၁) မှ (၂၀) အထိအား ကြေညာချက်အမှတ် အသီးသီးထုတ်ပြန်၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့် အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဇွန်လ ၅ ရက်တွင်လည်း ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီကို ပါတီအမှတ်(၂၁)၊ ပြည်သူ့ရှေ့ဆောင်ပါတီကို ပါတီအမှတ် (၂၂) အဖြစ် ထပ်မံခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၆-၂၀၂၃)
- မတ်လ ၂၈ ရက်အထိ နိုင်ငံရေးပါတီတည်ထောင်လိုသောပါတီ ၁၃ ပါတီ၊ နိုင်ငံရေး ပါတီအဖြစ် ဆက်လက်တည်ထောင်လိုသောပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၆၃ ပါတီ လာရောက်လျှောက်ထားလျက်ရှိ။
- အဆိုပါ ပါတီများအနက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြေညာချက်အမှတ်အသီးသီးထုတ်ပြန်၍ နိုင်ငံရေးပါတီများအား မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ နိုင်ငံရေးပါတီအမှတ် (၁) မှ (၂၀) အထိ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါ တီအမှတ် (၂၁) မှ (၂၂) အထိ ထပ်မံခွင့်ပြုခဲ့။
Add new comment