ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-
· ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဇန်နဝါရီလ ၁၆ ရက်အထိ လူဦးရေစုစုပေါင်း ၂၁ ဒသမ ၄ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၁၇ ဒသမ ၆ သန်းနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၃ ဒသမ ၈ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၃၈ ဒသမ ၉ သန်း ထိုးနှံပြီးဖြစ်။
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဇန်နဝါရီလ ၁၆ ရက်အထိ ဒုတိယအကြိမ်အဖြစ် ၁,၃၇၄,၆၀၄ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၁၄၈,၃၈၂ ဦးအား ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
· တရုတ်နိုင်ငံ၏ ဗုဒ္ဓဘာသာအဖွဲ့အစည်းဒုတိယဥက္ကဋ္ဌ Hongfa ဘုန်းတော်ကြီးကျောင်းဆရာတော် Venerable Master YinShun က ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသော ရဟန်း၊ သာမဏေ၊ သီလရှင်များ အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၅,၀၀၀ လှူဒါန်းခဲ့။
· တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒေသခံပြည်သူများအတွက် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၅၀,၀၀၀ ကို ဇန်နဝါရီလ ၁၃ ရက်တွင် မြန်မာ-တရုတ်နယ်စပ် နန်းတော်ဂိတ်တွင် ပေးအပ်လှူဒါန်းခဲ့။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက် ရှိရာ-
· ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အတွင်း အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၊ ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၇ ခုမှ ယာဉ် ၁၄ စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ် ၁ စီးဖြင့် တန် ၂၀၊ အိမ်သုံးအောက်ဆီဂျင်စက် ၈၄၆ ခု၊ လက်အိတ်၂၁ တန်နှင့် နှာခေါင်းစည်း (Mask) ၆၆ တန်တို့ကို တင်သွင်းနိုင်ခဲ့။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၁၆ ရက်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၇,၇၀၃ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၂၃ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၁.၆၀ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၁၆-၁-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၆,၂၀၃,၉၉၂ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၃,၁၄၄ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၉,၃၀၂ ဦးရှိကြောင်း သိရှိရပါသည်။
- ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဇန်နဝါရီလ ၁၆ ရက်အထိ လူဦးရေ စုစုပေါင်း ၂၁ ဒသမ ၄ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၁၇ ဒသမ ၆ သန်း နှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၃ ဒသမ ၈ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေစုစုပေါင်း ၃၈ ဒသမ ၉ သန်း ထိုးနှံပြီးဖြစ်။
- ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အတွင်း အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၊ ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၇ ခုမှ ယာဉ် ၁၄ စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ် ၁ စီးဖြင့် တန် ၂၀၊ အိမ်သုံးအောက်ဆီဂျင်စက် ၈၄၆ ခု၊ လက်အိတ်၂၁ တန်နှင့် နှာခေါင်းစည်း (Mask) ၆၆ တန်တို့ကို တင်သွင်းနိုင်ခဲ့။
- ၁၆-၁-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၂၀၃,၉၉၂ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၃,၁၄၄ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၃၀၂ ဦးဖြစ်ပြီး ၁၆-၁-၂၀၂၂ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၁.၆၀ ရာခိုင်နှုန်းရှိ။
Add new comment