ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရမှုအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်

        ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တပ်မတော်မှ ကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

  • ဇွန်လ ၅ ရက်နှင့် ၆ ရက်တို့တွင် ရခိုင်ပြည်နယ်၊ ဟားခါးမြို့နယ်သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ကျောက်ဖြူမြို့သို့ရောက်ရှိနေသည့် ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ စစ်တွေမြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် အောင်ကျော်မိုး၊ မင်းပြားမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ်ခင်ဇော်နှင့် ချင်းပြည်နယ်၊ မတူပီမြို့သို့ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်ခင်မောင်အေးတို့သည် ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများ၊ အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားနေမှုများနှင့် စာသင်ဆောင်များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ မြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေး ကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခြင်း၊ စစ်တွေမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများနှင့် ပတ်ဝန်းကျင်ရှိကျေးရွာများမှ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များ၊ သွပ်၊ သံ၊ မိုးကာစများနှင့် ဆောက်လုပ်ရေး ပစ္စည်းများကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့။
  • ဇွန်လ ၅ ရက်နှင့် ၆ ရက်တို့တွင် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် မြဝတီရုပ်မြင်သံကြားထပ်ဆင့်လွှင့်တာဝါတိုင် ပြန်လည်တည်ဆောက်ရန်အတွက် ဆောင်ရွက်နေမှု၊ လက်ဝဲသလုံးတော်ဓာတ်စေတီတော် သာသနိကအဆောက်အဦများကို ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည်များဆောင်ရွက်ပေးမှု၊ မုန်တိုင်းတိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြကာ SKY NET မိသားစု၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက် တာများအသင်းချုပ်(MLCA)၊ MLCP အများပိုင်ကုမ္ပဏီလီမိတက်၊ မြန်မာ-အိန္ဒိယ-တရုတ်ချစ်ကြည်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (MICA)နှင့် ဘာသာစုံမိတ်ဆွေများ၏ ရက် ၃၀ စတုဒိသာအလှူတော်အစီအစဉ်ဖြင့် ချက်ပြုတ်လှူဒါန်းသော ဒံပေါက်ထမင်းဘူးများ ထောက်ပံ့လှူဒါန်းခဲ့။
  • ဇွန်လ ၆ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့်အဖွဲ့သည် စစ်တွေကမ်းခြေတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ကမ်းနားလမ်း ပြန်လည်ပြုပြင်နေမှု၊ သစ်စက်များတွင် သစ်ခွဲသားများခွဲစိတ်နေမှု၊ ဆိပ်ကမ်းများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများ တင်ချနေမှု နှင့် AHA Center မှ  လှူဒါန်းသည့် ခြေနင်းနှင့် ဘက်ထရီဓာတ်အားသုံး ရေသန့်စက်များဖြင့် စမ်းသပ်ရေသန့်စင်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
  • လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် မြောက်ပိုင်းဒေသရှိမြို့များ လျှပ်စစ်ဓာတ်အားအမြန်ရရှိရေးအတွက် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ၆၆ ကေဗွီဓာတ်အားလိုင်းများပြင်ဆင်ရေး ဝန်ထမ်းအင်အား ၅၈၁ ဦး၊ ယန္တရား ၆၂ စီးကို အဖွဲ့ ၁၆ ဖွဲ့ခွဲ၍ ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိပြီး မြို့တွင်းဓာတ်အားလိုင်းများ ပြင်ဆင်ရေးအတွက် ဝန်ထမ်းအင် အား ၆၄၂ ဦး၊ ကရိန်းယာဉ် ၃၆ စီး၊ အုပ်ချုပ်မှုယာဉ် ၃၆ စီး၊ အဖွဲ့ ၁၄ ဖွဲ့နှင့် ပြင်ပကုမ္ပဏီ ၁ ဖွဲ့ စုစုပေါင်း ၁၅ ဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိ။
  • နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့်မြို့ရွာများ သန့်ရှင်းသောသောက်သုံးရေ ရရှိစေရေးအတွက် ရွေ့လျားရေသန့်ကားများ၊ Life Straw (ရေနောက်မှရေကြည်သို့ သန့်စင်ပေးသည့်) ရေသန့် စက်များ၊ ဆိုလာစနစ်သုံးရွေ့လျားရေသန့်စက်များဖြင့် ဖြန့်ဝေပေးလျက်ရှိ။
  • သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ သောက်သုံးရေကန်များ၌ ရေငန်ဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သဖြင့်  အဆိုပါရေကန်များမှ ရေစုပ်ထုတ်၍ ပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေး ဆောင်ရွက်ပေး လျက်ရှိရာ လက်ရှိအချိန်အထိ ဆောင်ရွက်ပြီးရေကန် ၁၄၂ ကန်၊ ဆောင်ရွက်ဆဲရေကန် ၁၉ ကန်နှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် ရေကန် ၆၁ ကန်တို့ဖြစ်။
  • ဇွန်လ ၅ ရက်နှင့် ၆ ရက်တို့တွင် ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်နှင့် မြောက်ဦးမြို့များသို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် လမ်းဘေး ဘယ်/ညာ၌ လဲကျနေသော သစ်ပင်ကြီးများ၊ သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်း၊ သောက်သုံးရေသန့်နှင့် စားသောက်ဖွယ်ရာများ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး နယ်လှည့်ဆေးကုသရေးအဖွဲ့မှလည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ။

ထိုသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက ပြန်လည်ထူထောင်ရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၆-၂၀၂၃)

 

  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ။

Add new comment

Error | Infosheet

Error

The website encountered an unexpected error. Please try again later.

Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 19679520356730d840ddfe37.50555456 ) in lock_release_all() (line 269 of /home/admin/web/infosheet.org/public_html/mm/includes/lock.inc).