ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့်မြို့နယ်များရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များက အလှူငွေများအား ပေးအပ် လှူဒါန်းလျက်ရှိရာ ဇွန်လ ၅ ရက်မှ ၆ ရက်ထိ-
-
စေတနာရှင်အလှူရှင်များက စစ်တွေမြို့၊ မင်းဂံရပ်ကွက်နှင့် ကျားမသောက်ကျေးရွာတို့ရှိ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား စတုဒီသာကျွေးမွေးခြင်း၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို သွားရောက်ထောက်ပံ့လှူဒါန်းခဲ့။
-
Lucky Asia International Co.,Ltd မှ ရခိုင်ပြည်နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ ဆေးဝါးများကို ပေးအပ်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လက်ခံရယူခဲ့။
-
Ooredoo မြန်မာကုမ္ပဏီလီမိတက်က ငွေကျပ်သိန်း ၂၀၀၊ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက သွပ်ပြားအချပ် ၂၀၀၀၊ ရွှေဒေါင်းပျံဆေးပေါ့လိပ်မိသားစုက ငွေကျပ်သိန်း ၁၅၀၊ Novel Hotel မိသားစုက ငွေကျပ်သိန်း ၅၀၊ ခိုင်ပြည်ငြိမ်းထွန်းကုမ္ပဏီ လီမိတက်က ငွေကျပ် ၂၅ သိန်း စုစုပေါင်း ငွေကျပ် ၄၂၅ သိန်းအား စုပေါင်းလှူဒါန်းခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့်အဖွဲ့က လက်ခံရယူခဲ့။
အလှူရှင်များ၏ လှူဒါန်းမှုနှင့်အတူ တပ်မတော်သားများနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများကလည်း မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့ရေးပစ္စည်းများအား ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးအသီးသီးရှိ မုန်တိုင်းဒဏ်သင့်မြို့နှင့် ကျေးရွာများသို့ ဆက်လက်ပို့ ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၆-၂၀၂၃)
|
Add new comment