မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများအား တပ်မတော်မှ လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် နေ့စဉ်ပို့ဆောင်ပေးလျက်ရှိပါသည်။
-
ဇွန်လ ၅ ရက်နှင့် ၆ ရက်တို့တွင် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ် ၃ စီးဖြင့် ဆန်အိတ် ၁,၀၀၀ အိတ်၊ လယ်ထွန်စက် ၁၄ စီးအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှုဒါန်းသည့် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်း ၁၆၂ တန်အား တင်ဆောင်၍ ပို့ဆောင်ခဲ့။
-
အလားတူ အလှူရှင်များက လှူဒါန်းသည့် အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များနှင့် ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်း ၁၁.၁၂၅ တန်ကိုတင် ဆောင်၍ တပ်မတော်(လေ) ရှိ လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့။
သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်(လေ)ရှိ လေယာဉ်/ရဟတ်ယာဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့အချိန်ထိ ထောက်ပံ့ရေးပစ္စည်း ၄၇၃.၇ တန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက် ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်း ၃,၁၇၀ ဦးတို့အား ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း၊ လေဆိပ်များသို့ ရောက်ရှိသည့် ကယ်ဆယ်ရေးပစ္စည်းများအား မုန်တိုင်းဒဏ်သင့်ဒေသများသို့ ရဟတ်ယာဉ်များဖြင့် ဆက်လက်ပေးပို့ ဖြန့်ဖြူးလျက်ရှိကြောင်းနှင့် အဆိုပါတပ်မတော် လေယာဉ်/ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသောပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူပေးကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၆-၂၀၂၃)
-
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်မှ လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် ပို့ဆောင်ပေးလျက် ရှိ။
-
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် ယနေ့အချိန်ထိ ထောက်ပံ့ရေး ပစ္စည်း ၄၇၃.၇ တန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်း ၃,၁၇၀ ဦးတို့အား ပို့ဆောင်ပေးနိုင်ခဲ့။
Add new comment