နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး ဘဝနတ်ထံပျံလွန်တော်မူခြင်းနှင့်ပတ်သက်၍ နိုင်ငံအသီးသီးရှိ ဘာသာရေးအဖွဲ့အစည်းများမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

     နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသသည် ၂၅-၅-၂၀၂၃ ရက်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်းသိရှိရသည့်အတွက် နိုင်ငံအသီးသီးရှိ ဘာသာရေးအဖွဲ့အစည်းများမှ ဝမ်းနည်းကြောင်းသဝဏ်လွှာများကို သီရိလင်္ကာနိုင်ငံ၊ အမရပူရသံဃာ့ကောင်စီဥက္ကဋ္ဌဆရာတော်မှ လည်းကောင်း၊ သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်နိုင်ငံဝန်ကြီးချုပ်မှ လည်းကောင်း၊ The Buddhist Association of China ဥက္ကဋ္ဌမှ လည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့မှ လည်းကောင်း၊ ဗာတီကန်နိုင်ငံဆိုင်ရာ အတွင်းရေးမှူးချုပ် ရဟန်းအမတ် ကာဒီနယ်ပီတာပါရော့လင်းမှ လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှလည်းကောင်း ပေးပို့ခဲ့ပါသည်။

ဆရာတော်ကြီး၏ ဗုဒ္ဓဘာသာအကျိုးဆောင်ရွက်ချက်များနှင့်အတူ နိုင်ငံအတွင်းရှိ ပြည်သူများအကြား စည်းလုံးညီညွတ်ရေးနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးဆောင်ရွက်ချက်များသည်လည်း ဂုဏ်ပြုလေးစားဖွယ်ရာ စံနမူနာကောင်းအဖြစ် သမိုင်းဝင်လျက်ရှိနေမည်ဖြစ်ကြောင်း ဖော်ပြထားရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၆-၂၀၂၃)

 

  • နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသသည် ၂၅-၅-၂၀၂၃ ရက်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်းသိရှိရသည့်အတွက် နိုင်ငံအသီးသီးရှိ ဘာသာရေးအဖွဲ့အစည်းများမှ ဝမ်းနည်းကြောင်းသဝဏ်လွှာများကို ပေးပို့ခဲ့။

Add new comment