ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ဒေသများရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးပို့လျက်ရှိပါသည်-
- ဇွန်လ ၅ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မုန်တိုင်းဒဏ်သင့်ဒေသများအတွက် လှူဒါန်းသော စုစုပေါင်းတန်ချိန် ၁၂၀ တန်ခန့်ရှိ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသည့် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ် BNS SOMUDRA JOY(F-28) တစ်စင်း ရန်ကုန်မြို့သို့ရောက်ရှိ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မုန်တိုင်းဒဏ်သင့်ပြည်သူများထံ လှူဒါန်းထောက်ပံ့ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကယ်ဆယ်ရေးနှင့် အကူအညီများပံ့ပိုးရာတွင် ဘေးသင့်ပြည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးမူကို လက်ကိုင်ထား၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၏ ကြီးကြပ်မှုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ဝန်ကြီးဌာနအသီးသီးနှင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် AHA Centre၊ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း အပြည့်အဝပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၆-၂၀၂၃)
- ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှူဒါန်းသော စုစုပေါင်းတန်ချိန် ၁၂၀ တန်ခန့်ရှိ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသည့် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ် BNS SOMUDRA JOY(F-28) တစ်စင်း ရန်ကုန်မြို့သို့ ရောက်ရှိခဲ့။
Add new comment