ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)နှင့်ပတ်သတ်၍ ရောဂါဖြစ် ပွားမှုများကို မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်လျက်ရှိပါသည်။ ဇန်နဝါရီလ ၁၄ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက် ခိုင်ဝင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များအား တွေ့ဆုံခဲ့ပြီး အိုမီခရွန်ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင်-
· အခြားနိုင်ငံများမှ ရောဂါပိုးဝင်ရောက်မှုကို အချိန်အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ရေးအတွက် ပြည်ပမှ ဝင်ရောက်လာသူများအား သတ်မှတ်ထားသော ဟိုတယ်များနှင့် ကွာရန်တင်းစင်တာများ၌ အသွားအလာကန့်သတ်၍ သတ်မှတ်ထားသော အကြိမ်ရေနှင့်အညီ ဓာတ်ခွဲစစ်ဆေးပြီးမှသာ ၎င်းတို့နေအိမ်များသို့ ပြန်ခွင့်ပြုလျက်ရှိကြောင်း။
· နယ်စပ်ဒေသများမှ ပြန်လည်ဝင်ရောက်လာသူများကိုလည်း နယ်စပ်ဝင်/ထွက်ပေါက်နေရာများတွင် အသွားအလာကန့် သတ်၍ သတ်မှတ်ချက်အတိုင်း ဓာတ်ခွဲစစ်ဆေးပြီးမှသာ သက်ဆိုင်ရာဒေသများသို့ သွားရောက်ရန် ခွင့်ပြုထားကြောင်း ပြောကြားခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ပနိုင်ငံများမှ Relief Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် အိုမီခရွန်ရောဂါပိုးတွေ့ရှိမှုကို အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိရာ-
· ၁၂-၁-၂၀၂၂ ရက်တွင် မြန်မာနိုင်ငံသား ၂ ဦးသည် အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်။
· ၁၃-၁-၂၀၂၂ ရက်တွင် မြန်မာနိုင်ငံသား ၄၀ ဦးနှင့် နိုင်ငံခြားသား ၂ ဦးတို့သည် အိန္ဒိယနိုင်ငံ၊ ယူအေအီးနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပြန်လည်ဝင်ရောက်လာသူများဖြစ်။
· ၁၄-၁-၂၀၂၂ ရက်တွင် နိုင်ငံခြားသား ၃ ဦးသည် ဖိလစ်ပိုင် နိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ပြန်လည်ဝင်ရောက်လာသူများဖြစ်။
· ၁၅-၁-၂၀၂၂ ရက်တွင် အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ ၁၀ ဦး မှာ မြန်မာနိုင်ငံသား ၅ ဦး၊ နိုင်ငံခြားသား ၃ ဦးတို့သည် အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ပြီး ကျန်မြန်မာနိုင်ငံသား ၂ ဦးတို့မှာ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သည့်မိသားစုဝင်များဖြစ်ပါသည်။ ၁၅-၁-၂၀၂၂ ရက်အထိ အိုမီခရွန် ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၇၆ ဦးရှိပြီဖြစ်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ (Quarantine Center)များ၊ (Treatment Center) များနှင့် အောက်ဆီဂျင်အပါအဝင် ဆေးနှင့် ဆေးပစ္စည်းများကြိုတင်ပြင်ဆင်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- အခြားနိုင်ငံများမှ ရောဂါပိုးဝင်ရောက်မှုကို အချိန်အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ရေးအတွက် ပြည်ပမှ ဝင်ရောက်လာသူများအား သတ်မှတ်ထားသော ဟိုတယ်များနှင့် ကွာရန်တင်းစင်တာများ၌ အသွားအလာ ကန့်သတ်၍ သတ်မှတ်ထားသော အကြိမ်ရေနှင့်အညီ ဓာတ်ခွဲစစ်ဆေးပြီးမှသာ ၎င်းတို့ နေအိမ်များသို့ ပြန်ခွင့်ပြုလျက်ရှိကြောင်း။
- ၁၅-၁-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါ ပိုးတွေ့ရှိသူစုစုပေါင်း ၇၆ ဦးရှိပြီဖြစ်။
- ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိ။
Add new comment