ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော မုန်တိုင်းသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်း

     ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့်မြို့နယ်များရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များက အလှူငွေများအား ပေးအပ် လှူဒါန်းလျက်ရှိရာ ဇွန်လ ၅ ရက်တွင်-

  • စေတနာရှင်အလှူရှင်များက စစ်တွေမြို့၊ မင်းဂံရပ်ကွက်နှင့် ကျားမသောက်ကျေးရွာတို့ရှိ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား စတုဒီသာကျွေးမွေးခြင်း၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို သွားရောက်ထောက်ပံ့လှူဒါန်းခဲ့။

  • Lucky Asia International Co.,Ltd မှ ရခိုင်ပြည်နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ ဆေးဝါးများကို ပေးအပ်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လက်ခံရယူခဲ့။

အလှူရှင်များ၏ လှူဒါန်းမှုနှင့်အတူ တပ်မတော်သားများနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများကလည်း မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့ရေးပစ္စည်းများအား ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးအသီးသီးရှိ မုန်တိုင်းဒဏ်သင့်မြို့နှင့် ကျေးရွာများသို့ ဆက်လက် ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၆-၂၀၂၂)

  • ဆိုင်ကလုန်းမုန်တိုင်းမိုခါ” (MOCHA) တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့်မြို့နယ်များရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ်အသီးသီးရှီ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်း လျက်ရှိ။

 

Add new comment