ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ထောက်ပံ့ငွေ၊ ထောက်ပံ့ရေးပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။
- ဇွန်လ ၅ ရက်တွင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ၇ ကျောင်းမှ ကျောင်းအုပ် ဆရာတော်များထံ လှူဖွယ်ပစ္စည်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ စာသင်ဆောင်များ ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့။
- သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ဆောင်များ အမြန်ဆုံးပြုပြင်နိုင်ရန် စစ်တွေမြို့ပေါ်ရှိ စာသင်ကျောင်းများသို့ စုစုပေါင်း အလှူငွေကျပ်သိန်း ၁,၂၀၀ လှူဒါန်းခဲ့။
ထိုသို့ထောက်ပံ့ပေးအပ်မှုကို တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ရင်းရင်းနှီးနှီးလိုက်လံ အားပေးစကားပြောကြားကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၆-၂၀၂၃)
Add new comment