နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဘုတ်ပြင်းတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ဇန်နဝါရီလ ၁၄ ရက်တွင် ဘုတ်ပြင်းတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား သွားရောက်တွေ့ဆုံအမှာစကားပြောကြားခဲ့ရာ-

  • တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်သားများ၊ တပ်ရင်းတပ်ဖွဲ့များ ဖြစ်စေရေး အမြဲလေ့ကျင့်ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း။

  • စစ်သားကောင်းတစ်ယောက်ဖြစ်ရန်အတွက် အမိန့်နာခံတတ်မှုနှင့် ကျင့်ဝတ်အပါး ၆၀ ကို မှန်မှန်ကန်ကန်ဖြင့် လိုက်နာဆောင်ရွက်ရန်လိုရုံသာမက စစ်စည်းကမ်းသည် တိုက်တွန်းချက်နှင့် တားမြစ်ချက်များပင်ဖြစ်သောကြောင့် ချမှတ်ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအား တိကျစွာလိုက်နာရန် လိုအပ် ကြောင်း။

  • ပညာရည်သင်ကြားရေးနှင့်ပတ်သက်၍လည်း တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြင့်မားရေးအတွက် တပ်မတော်မှငွေကြေးများကုန်ကျခံ၍ ဆောင်ရွက်ပေးလျက်ရှိပြီး မိမိဘဝတိုးတက်ရေး၊ အသိပညာမြင့်မားရေးအတွက် မိမိတို့တစ်ဦးချင်း ကိုယ်တိုင်ကြိုးစားအားထုတ်ခွင့်ရှိသဖြင့်  ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း။

  • မိမိတပ်၏ကောင်းရာကောင်းကျိုးများကို တစ်ဦးချင်း အသိသတိဖြင့် ဆောင်ရွက်ခြင်းဖြင့် တပ်မတော်နှင့်နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးများကိုလည်း မိမိတို့ တတ်စွမ်းသည့်ဘက်မှ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့ပါသည်။

အမှာစကားပြောကြားခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအား စားသောက်ဖွယ် ရာများပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသိရှိရပါသည်။

  • စစ်သားကောင်းတစ်ယောက်ဖြစ်ရန်အတွက် အမိန့်နာခံတတ်မှုနှင့် ကျင့်ဝတ်အပါး ၆၀ ကို မှန်မှန်ကန်ကန်ဖြင့် လိုက်နာဆောင်ရွက်ရန်လိုရုံသာမက စစ်စည်းကမ်းသည် တိုက်တွန်းချက်နှင့် တားမြစ်ချက်များပင်ဖြစ်သောကြောင့် ချမှတ်ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအား တိကျစွာ လိုက်နာရန်လိုအပ်ကြောင်း။
  • ပညာရည်သင်ကြားရေးနှင့်ပတ်သက်၍လည်း တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြင့်မားရေးအတွက် တပ်မတော်မှငွေကြေးများကုန်ကျခံ၍ ဆောင်ရွက်ပေး လျက်ရှိပြီး မိမိဘဝတိုးတက်ရေး၊ အသိပညာမြင့်မားရေးအတွက် မိမိတို့တစ်ဦးချင်း ကိုယ်တိုင်ကြိုးစားအားထုတ်ခွင့်ရှိသဖြင့်  ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း။
  • မိမိတပ်၏ကောင်းရာကောင်းကျိုးများကို တစ်ဦးချင်း အသိသတိဖြင့် ဆောင်ရွက် ခြင်းဖြင့် တပ်မတော်နှင့်နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးများကိုလည်း မိမိတို့ တတ်စွမ်းသည့်ဘက်မှ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

Add new comment