၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

  • ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၁၂ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေ ဖြင့် ပင်လယ်ရေကြောင်းမှ ၁၆၇,၉၉၂.၃၀၇ တန်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ၁၉,၆၁၆.၀၄၅ တန် စုစုပေါင်း ၁၈၇,၆၀၈.၃၅၂ တန် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၄၃.၄၅၄ သန်းရရှိခဲ့။

  • ၂၀၂၂ ခုနှစ် ပြောင်းရာသီ စတင်သည့် စက်တင်ဘာလမှ ၂၀၂၃ ခုနှစ်၊ မေလအထိ ကိုးလတာကာလအတွင်း ပြောင်းတန်ချိန် ၁၇ သိန်းခန့်တင်ပို့နိုင်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပြောင်းတန်ချိန် နှစ်သန်းကျော်တင်ပို့ရန် လျာထား။

  • ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ နိုင်ငံတကာကုန်တင်သင်္ဘော ၅၇ စင်း ဆိုက်ကပ်ကုန်သွယ်မည်ဖြစ်။

ပြည်တွင်း၌ ပြောင်းစိုက်ဧက နှစ်သန်းကျော်မှ တစ်နှစ်လျှင် တန်ချိန် ၃.၂ သန်း ထွက် ရှိပြီး အမေရိကန်ဒေါ်လာသန်း ၆၀၀ အထက်ရရှိနေသောကြောင့် ပြောင်းသည် ပြည်ပဈေးကွက်ဝင်ဖြစ်သည့်အပြင် ဒေသတွင်းနိုင်ငံများ၏ လိုအပ်ချက်များပြားသည့်အတွက် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၆-၂၀၂၃)

  • ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၁၂ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် စုစုပေါင်း ၁၈၇,၆၀၈.၃၅၂ တန် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၃.၄၅၄ သန်းရရှိခဲ့။

  • ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၃ ခုနှစ်၊ မေလအထိ ကိုးလတာကာလအတွင်း ပြောင်းတန်ချိန် ၁၇ သိန်းခန့်တင်ပို့နိုင်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပြောင်းတန်ချိန် နှစ်သန်းကျော် တင်ပို့ရန် လျာထား။

  • ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ နိုင်ငံတကာကုန်တင်သင်္ဘော ၅၇ စင်း ဆိုက်ကပ် ကုန်သွယ်မည်ဖြစ်။

 

Add new comment