ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးတို့အား အသီးသီးလက်ခံတွေ့ဆုံ

       အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ ယာယီအကြီးအကဲ Ms. Danielle Parry ကို မေလ ၃၁ ရက်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ တွေ့ဆုံစဉ် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လက်အောက်ခံအဖွဲ့အစည်းများက မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရာတွင် အဆင်ပြေ ချောမွေ့စေရန်နှင့် ထိရောက်မှုရှိစေရန် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်အား ဇွန်လ ၂ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေး အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် တရုတ်နိုင်ငံက ကူညီထောက်ပံ့ပေးမှု ကိစ္စများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာအထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံမျက်နှာစာတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင် ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၃-၆-၂၀၂၃)

  • ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူးနှင့် တွေ့ဆုံစဉ် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ထိရောက်မှုရှိစေရန် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများကို ဆွေးနွေးခဲ့။

  • ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင်ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် တရုတ်နိုင်ငံက ကူညီထောက်ပံ့ပေးမှုကိစ္စများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံမျက်နှာစာတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။

Add new comment