လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးမှူး၍ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း(၂ဝ)၌ စမ်းသပ်သန်းခေါင် စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအပြီး (၁ဝ) နှစ်အကြာ ၂ဝ၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ထပ်မံ ကောက်ယူရန် စီမံချက်ရေးဆွဲ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာ၌ အသုံးပြုမည့်မေးခွန်းပုံစံများနှင့် လုပ်နည်းလုပ်ဟန်များအပေါ် ကြုံတွေ့လာနိုင်သည့် အခက်အခဲများအား သိရှိနိုင်ရန်အတွက် မြို့နယ်ပေါင်း(၂ဝ)ရှိ စာရင်း ကောက်ကွက်(၁ဝဝ)ကို သတ်မှတ်ကာ ယခုနှစ်အောက်တိုဘာ(၁)ရက်တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း၊ ထိုသို့ကောက်ယူရာတွင် ၂ဝ၂၄ ခုနှစ်၌ ကောက်ယူရာတွင် အသုံးပြုမည့် ခေတ်မီနည်းပညာဖြစ်သည့် (Computer Assisted Personnel Interviewing-CAPI) နည်းစနစ်အသုံးပြုကာ Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း၊ အဆိုပါလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံအား စီမံခန့်ခွဲ့ခြင်းကိစ္စရပ်များအတွက် မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်အကောင်အထည်ဖော်ရာတွင် အခြေခံအသုံးပြုရသည့် စာရင်းအင်းအချက်အလက်များအနက် အဓိကကျသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ရရှိရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၆-၂၀၂၃)
- လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးမှူး၍ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း(၂ဝ)၌ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်။
Add new comment