ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့်မြို့နယ်များရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များက အလှူငွေများအား ပေးအပ်လှူဒါန်း လျက်ရှိရာ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ-
-
နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိ ဆရာတော်ဘဒ္ဒန္တဉာဏိဿရက ရခိုင်ပြည်နယ်လေဘေးသင့်ပြည်သူများအတွက် အိမ်အမိုးသွပ် ၁၀,၀၀၀ ချပ်ကို ပေးအပ်လှူဒါန်းခဲ့။
-
မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ တာဝန်ရှိသူများက မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့။
-
ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသားစေတနာရှင်အလှူရှင်များ၊ လုပ်ငန်းရှင် များက လှူဒါန်းသည့် အလှူငွေကျပ် ၃,၅၁၉ သိန်း ၆ သောင်းနှင့် ထောက်ပံ့ပစ္စည်းများဖြစ်သည့် အကာအကွယ်ဝတ်စုံ၊ ခွဲစိတ်သုံးဝတ်စုံ၊ ဆေးရုံသုံးဦးထုပ်စသည့် ပစ္စည်း ၁၆ မျိုးတို့ကို ပေးအပ်လှူဒါန်းခဲ့။
-
ရခိုင်ပြည်နယ်မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူရှင် Myo Naing-Nine Group Co.,Ltd (Yangon) မှ အလှူငွေကျပ် သိန်း ၃၀၀ ပေးအပ်ခဲ့ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့။
အလှူရှင်များ၏ လှူဒါန်းမှုနှင့်အတူ တပ်မတော်သားများနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများကလည်း မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့ရေးပစ္စည်းများအား ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးအသီးသီးရှိ မုန်တိုင်းဒဏ်သင့်မြို့နှင့် ကျေးရွာများသို့ ဆက်လက်ပို့ ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၆-၂၀၂၂)
|
Add new comment