ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်နှင့် ထပ်ဆောင်းကာကွယ် ဆေး (Booster dose) ထိုးနှံရေးအစီအစဉ်တွင် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ အစည်းများ ပူးပေါင်းပါဝင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၁၄ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက-
- မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ၅၇ ရာခိုင်နှုန်းကျော် ဆေးထိုးနှံပြီးဖြစ်ကြောင်း။
- ဆေးထိုးပြီး ခြောက်လကျော်ပါက ကိုဗစ်ရောဂါပိုးကို ခုခံနိုင်သည့်အား ကျဆင်း လာနိုင်သည့်အတွက် ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးရန်လိုအပ်ကြောင်း။
- နိုင်ငံတော်အနေဖြင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များအား တွေ့ဆုံရာတွင်-
- အခြားနိုင်ငံများမှ ရောဂါပိုးဝင်ရောက်မှုကို အချိန်အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ရေးအတွက် ပြည်ပမှ ဝင်ရောက်လာသူများအား သတ်မှတ်ထားသော ဟိုတယ်များနှင့် ကွာရန်တင်းစင်တာများ၌ အသွားအလာကန့်သတ်၍ သတ်မှတ် ထားသောအကြိမ်ရေနှင့်အညီ ဓာတ်ခွဲစစ်ဆေးပြီးမှသာ ၎င်းတို့နေအိမ် များသို့ ပြန်ခွင့်ပြုလျက်ရှိကြောင်း။
- နယ်စပ်ဒေသများမှ ပြန်လည်ဝင်ရောက်လာသူများကိုလည်း နယ်စပ်ဝင်/ထွက်ပေါက်နေရာများတွင် အသွားအလာကန့်သတ်၍ သတ်မှတ်ချက်အတိုင်း ဓာတ်ခွဲ စစ်ဆေးပြီးမှသာ သက်ဆိုင်ရာဒေသများသို့ သွားရောက်ရန် ခွင့်ပြုကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါလှိုင်းများ ဖြစ်ပွားစဉ် ကြုံ တွေ့ခဲ့ရသော အခက်အခဲများအပေါ် သင်ခန်းစာယူပြီး ကြိုတင်ပြင်ဆင်မှုများကို အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူလူထုကို အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးအစီအစဉ်နှင့် ထပ်ဆောင်းကာကွယ် ဆေး (Booster dose) ထိုးနှံရေးအစီအစဉ်တွင် စေတနာ့ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၁၄ ရက်တွင် ကျင်းပခဲ့။
- ဆေးထိုးပြီး ခြောက်လကျော်ပါက ကိုဗစ်ရောဂါပိုးကို ခုခံနိုင်သည့်အား ကျဆင်းလာနိုင်သည့်အတွက် ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးရန်လိုအပ်။
- အခြားနိုင်ငံများမှ ရောဂါပိုးဝင်ရောက်မှုကို အချိန်အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ရေးအတွက် ပြည်ပမှဝင်ရောက်လာသူများအား သတ်မှတ်ထားသော ဟိုတယ်များနှင့် ကွာရန်တင်းစင်တာများ၌ အသွားအလာကန့်သတ်၍ သတ်မှတ် ထားသောအကြိမ်ရေနှင့်အညီ ဓာတ်ခွဲစစ်ဆေးပြီးမှသာ ၎င်းတို့နေအိမ်များသို့ ပြန်ခွင့်ပြုလျက်ရှိ။
Add new comment