ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရမှုအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်

      ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တပ်မတော်မှ ကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

  • ဇွန်လ ၃ ရက်နှင့် ၄ ရက်တို့တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် မိုခါမုန်တိုင်းဒဏ်ကြောင့် ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင်ရထားလမ်းပိုင်းအတွင်းရှိဘူတာများ၊ ဝန်ထမ်းနေအိမ်နှင့် မြန်မာ့မီးရထားပိုင်အဆောက်အအုံများ ပျက်စီးဆုံးရှုံး မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ စစ်တွေမြို့အတွင်း ဆိပ်ကမ်းများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ တင်ချနေမှု၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေး ကုသပေးနေမှုနှင့် မုန်တိုင်းဒဏ်သင့် ပြည်သူများအား ဆန်များထောက်ပံ့ဖြန့်ခွဲ ပေးနေမှု၊ စစ်တွေမြို့ ကမ်းနားလမ်းရှိ ကွန်ကရစ်လမ်း၊ ပလက်ဖောင်းနှင့် ကျောက်စီမြေထိန်းနံရံများ ပျက်စီးနေမှုအား ပြန်လည်ပြုပြင်ရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့။
  • ဇွန်လ ၃ ရက်နှင့် ၄ ရက်တို့တွင် ဟားခါးမြို့သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းတို့က သောက်သုံးရေဖြန့်ဝေပေးနေမှု၊ ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်နေမှု၊ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှု၊ ထောက်ပံ့ပစ္စည်းများဖြန့်ဝေပေးနေမှုတို့ကို ကြည့်ရှုပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့။
  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနမှ မြင်းကောင်ရေ ၅၀ ရှိ နယူးဟော်လန် ထွန်စက် ၃၃ စီး၊ ၆ သွားထယ် ၃၃ လက်၊ ဓားစက်ထွန် ၃၃ လက်ကို စစ်တွေမြို့သို့ ပို့ဆောင်ခဲ့ပြီး ရသေ့တောင်မြို့နယ်သို့ ၁၉ စုံ၊ စစ်တွေမြို့နယ်တွင် ၁၄ စုံထားရှိ၍ တောင်သူလယ်သမားများ၏ လယ်ယာမြေများကို ကူညီထွန်ယက်ပေးသွားမည်ဖြစ်။
  • ဇွန်လ ၃ ရက်နှင့် ၄ ရက်တို့တွင် ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင်မြို့များသို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ၊ လမ်းဘေးဘယ်/ညာ၌ လဲကျနေသော သစ်ပင်ကြီးများ၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ သောက်သုံးရေသန့်နှင့် စားသောက်ဖွယ်ရာများ ဖြန့်ဝေပေးခြင်း၊ လျှပ်စစ်မီးတိုင်နှင့် မီးကြိုးများပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး နယ်လှည့်ဆေးကုသရေးအဖွဲ့မှလည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိ။
  • အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများပါဝင်သော ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit-MMU) တစ်စီးဖြင့် ဇွန်လ ၃ ရက်မှစတင်၍ စစ်တွေမြို့နှင့် ပတ်ဝန်းကျင်ဒေသမှပြည်သူများ၊ အာမခံအလုပ်သမားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ဆေးကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်။

ထိုသို့တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက ပြန်လည်ထူထောင်ရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၆-၂၀၂၃)

  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ။
  • အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများပါဝင်သော ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit-MMU) တစ်စီးဖြင့် ဇွန်လ ၃ ရက်မှစတင်၍ စစ်တွေမြို့နှင့် ပတ်ဝန်းကျင်ဒေသမှပြည်သူများ၊ အာမခံအလုပ်သမားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ဆေးကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်။

Add new comment