ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တပ်မတော်မှ ကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
- ဇွန်လ ၁ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နှင့် တာဝန်ရှိသူများသည် စစ်တွေ၊ မင်းပြား၊ မြောက်ဦးတပ်နယ်တို့ရှိ စစ်တွေမြို့ စစ်မှုထမ်းဟောင်းအိမ်ရာဝင်းအတွင်း မုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် အိမ်ခန်းများပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ နယ်မြေခံဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းမိသားစုဝင်များနှင့် သဲချောင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှု၊ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့။
- ဇွန်လ ၁ ရက်တွင် ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင်မြို့များသို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် လမ်းဘေး ဘယ်/ညာ၌ လဲကျနေသောသစ်ပင်ကြီးများ၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထောက်ပံ့ရေး ပစ္စည်းများ သယ်ယူပို့ဆောင်ပေးခြင်း၊ သောက်သုံးရေသန့်နှင့် စားသောက်ဖွယ်ရာများ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး နယ်လှည့်ဆေးကုသရေးအဖွဲ့မှလည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ။
- နိုင်ငံတော်အစိုးရအနေဖြင့် မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စာသင်ကျောင်းများကို အချိန်မီဖွင့်လှစ်နိုင်ရန် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံး ဇွန်လ ၁ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့။
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် မေ ၂၁ ရက်မှ မေ ၃၀ ရက်အထိ ကျောက်တော်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၃၄ ရွာနှင့် တပ်ရင်းတပ်ဖွဲ့ ၆ ခုမှ ကျွဲ၊ နွား ၃၁၅၈ ကောင်၊ ဝက် ၆၀ ကောင်ကို ကာကွယ်ဆေးများ ထိုးနှံခြင်း၊ ထိခိုက်ဒဏ်ရာနှင့် နာမကျန်းဖြစ်ပွားသည့် ကျွဲ၊ နွား ၃၂၇ ကောင်၊ ဝက် ၆၇ ကောင်နှင့် ဆိတ် ၁၀ ကောင်တို့ကို ဆေးကုသမှုပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့။
ထိုသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက ပြန်လည်ထူထောင်ရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၆-၂၀၂၃)
- ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများသို့ တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ။
- နိုင်ငံတော်အစိုးရအနေဖြင့် မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စာသင်ကျောင်းများကို အချိန်မီဖွင့်လှစ်နိုင်ရန် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံး ဇွန်လ ၁ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့။
Add new comment