မိုခါမုန်တိုင်းဒဏ်သင့်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများကို နိုင်ငံတကာမှ ပေးပို့လှူဒါန်းလျက်ရှိ

    ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ဒေသများရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက်  နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးပို့လျက်ရှိပါသည်-

  • ဇွန်လ ၁ ရက်တွင် အာဆီယံနိုင်ငံများမှ စတုတ္ထအသုတ်ပေးပို့သည့် အမေရိကန် ဒေါ်လာ ၇၂,၀၀၀ ကျော်တန်ဖိုးရှိ အရေးပေါ်အကူအညီပစ္စည်းများ တန်ချိန်စုစုပေါင်း ၁၉ တန်ကျော် သယ်ဆောင်လာသည့် မလေးရှားလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ်သို့ ဆိုက် ရောက်ခဲ့။

အာဆီယံနိုင်ငံများမှ မုန်တိုင်းဒဏ်သင့်ပြည်သူများထံ လှူဒါန်းထောက်ပံ့ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကယ်ဆယ်ရေးနှင့် အကူအညီများပံ့ပိုးရာတွင် လေဘေးသင့်ပြည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးမူကို လက်ကိုင်ထား၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၏ ကြီးကြပ်မှုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ဝန်ကြီးဌာနအသီးသီးနှင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် AHA Centre သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း အပြည့်အဝပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၆-၂၀၂၃)

  • အာဆီယံနိုင်ငံများမှ စတုတ္ထအသုတ်ပေးပို့သည့် အမေရိကန်ဒေါ်လာ ၇၂,၀၀၀ ကျော်တန်ဖိုးရှိ အရေးပေါ်အကူအညီပစ္စည်းများ တန်ချိန်စုစုပေါင်း ၁၉ တန်ကျော် သယ်ဆောင်လာသည့် မလေးရှားလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့။

Add new comment

Error | Infosheet

Error

The website encountered an unexpected error. Please try again later.

Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 205565661067075b8e2ae8e7.50502825 ) in lock_release_all() (line 269 of /home/admin/web/infosheet.org/public_html/mm/includes/lock.inc).