နှစ်(၇၀)ပြည့် ကယားပြည်နယ်နေ့ အခမ်းအနားကျင်းပ

နှစ် (၇၀) ပြည့် ကယားပြည်နယ်နေ့ အခမ်းအနားကို  ဇန်နဝါရီလ ၁၅ ရက် နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြပါသည်၊၊

အခမ်းအနားသို့ ကယားမျိုးနွယ်စု ၉ ခု တို့မှလူမျိုးစုခေါင်းဆောင်များက နေရာယူပြီး တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတနိုင်ငံတော်အလံအား အလေးပြုကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှပေးပို့သည့် နှစ် (၇၀) ပြည့် ကယားပြည်နယ်နေ့ ဂုဏ်ပြုသဝဏ်လွှာအား ဖတ်ကြားခဲ့ပါသည်၊၊

နှစ် (၇၀) ပြည့် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်အတွင်း စီမံခန့်ခွဲရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍတွင် ဆုတံဆိပ်ရရှိသူ ၅၃ ဦး အား ကယားပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ထူးဆောင်ဆုတံဆိပ်များနှင့် ထူးချွန်မှု ဂုဏ်ထူးဆောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်၊၊

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကယားပြည်နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် DVB-T2 Set Top Box အလုံး ၁,၀၀၀ ကို ပေးအပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ကယားမျိုးနွယ်စု ၉ ခု တို့မှခေါင်းဆောင်များနှင့် မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပါသည်၊၊

  • ကယားပြည်နယ်နေ့ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် နှစ် (၇၀) ပြည့် ကယားပြည်နယ်နေ့ ဂုဏ်ပြုသဝဏ်လွှာအား ဖတ်ကြားခဲ့၊၊
  • နှစ် (၇၀) ပြည့် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်အတွင်း စီမံခန့်ခွဲရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍတွင် ဆုတံဆိပ်ရရှိသူ ၅၃ ဦးအား ကယားပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ထူးဆောင်ဆုတံဆိပ်များနှင့် ထူးချွန်မှုဂုဏ်ထူးဆောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့၊၊

Add new comment