မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သော ပစ္စည်းများအား တပ်မတော်လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် နေ့စဉ်ပို့ဆောင်ပေးလျက်ရှိပါသည်။
မေလ ၃၁ ရက်တွင် တပ်မတော်(ရေ)မှ ၂၉ မီတာကမ်းထိုး ရေယာဉ်တစ်စီးသည် ရေသန့်ကဒ်များ၊ ဒီဇယ်နှင့် ဓာတ်ဆီများ၊ တာပေါ်လင်များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ဆေးပစ္စည်းပုံးများ၊ မိုးကာလိတ်များ၊ စားသောက်ကုန်များနှင့် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ စုစုပေါင်းကုန်တန်ချိန် ၃၄ တန်တို့အား ရေချမ်းပြင် ကမ်းထိုးရပ်၌ တင်ဆောင်၍ ရသေ့တောင်ကမ်းထိုးရပ်သို့ ပို့ဆောင်ပေးခဲ့ပါသည်။
အဆိုပါတပ်မတော်စစ်ရေယာဉ်များဖြင့် ရောက်ရှိလာသောပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် မုန်တိုင်းဒဏ်သင့်မြို့နှင့် ကျေးရွာများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၆-၂၀၂၃)
-
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများကုန်တန်ချိန် ၃၄ တန်အား စစ်ရေယာဉ်များဖြင့် ပို့ဆောင်ခဲ့။
Add new comment