ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူးနှင့် UNOCHA ၏ ယာယီအကြီးအကဲအား လက်ခံတွေ့ဆုံ

      အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)၏ ယာယီအကြီး အကဲ Ms. Danielle Parry ကို မေလ ၃၁ ရက်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လက်အောက်ခံအဖွဲ့အစည်းများက မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ထိရောက်မှုရှိစေရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။၏

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၁-၆-၂၀၂၃)

  • ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် UNOCHA ၏ ယာယီအကြီးအကဲတို့နှင့် တွေ့ဆုံစဉ် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ များ ပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ထိရောက်မှုရှိစေရန် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများကို ဆွေးနွေးခဲ့။

 

 

Add new comment