ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ထောက်ပံ့ငွေ၊ ထောက်ပံ့ရေးပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက် ကုန်များကို ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။
- မေလ ၃၁ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဘေးဒဏ်သင့်ခဲ့သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိဌာနများမှ ဝန်ထမ်းများအား ထောက်ပံ့ငွေ နှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့။
ထိုသို့ထောက်ပံ့ပေးအပ်မှုကို တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ရင်းရင်းနှီးနှီးလိုက်လံ အားပေးစကားပြောကြားကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၆-၂၀၂၃)
- ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဘေးဒဏ်သင့်ခဲ့သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိဌာနများမှ ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခဲ့။
Add new comment