နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြိတ်ခရိုင်အတွင်းရှိ ငါးပုစွန်မွေးမြူရေးလုပ်ငန်းနှင့် ဒေသတွင်းအကောင်အထည်ဖော်ဆောင်ရွက်မည့်စီမံကိန်းများအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇန်နဝါရီလ ၁၅ ရက်တွင်ကျင်းပခဲ့သော တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ငါးဖမ်းလုပ်ငန်း၊ ငါးပုဇွန်မွေးမြူရေးလုပ်ငန်းနှင့် ဒေသအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနား သို့တက်ရောက်အမှာစကားပြောကြားရာတွင်-

  • ငါးလေလံဈေးနှင့်စက်မှုဇုန်တည်ဆောက်ရေးအတွက် ၂၀၂၁ ခုနှစ် မြိတ်မြို့ခရီးစဉ် အတွင်း နေရာရွေးချယ်ဆောင်ရွက်ပေးခဲ့ပြီး စီမံကိန်းဆောင်ရွက်ရန်အတွက် နိုင်ငံတော်အစိုးရမှခွင့်ပြုပေးပြီးဖြစ်၍ ပထမအဆင့်အနေဖြင့် ငါးလေလံဈေးအား ဦးစားပေးတည်ဆောက်ရန်လိုကြောင်း။
  • တနင်္သာရီတိုင်းဒေသကြီးသည် ဆန်ဖူလုံမှုမရှိသည့်အတွက် စီမံကိန်းများဆောင်ရွက် ရာတွင် လယ်မြေများအား အသုံးမပြုရန်နှင့် မြေကိုအကျိုးရှိစွာအသုံးချနိုင်ရန် လိုကြောင်း။
  • မိမိတို့အနေဖြင့် နိုင်ငံ၏စားရေရိက္ခာပေါများစေရန်အတွက် ဆောင်ရွက်လျက်ရှိရာ မြိတ်ဒေသအတွင်း စပါးအထွက်နှုန်းများတိုးတက်အောင် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
  • ရေထွက်ကုန်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်အောင် ပြည်တွင်း၌ ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရန်လိုကြောင်း၊ မြိတ်ဒေသအတွင်းလျှပ်စစ်မီးလုံ လောက်စွာရရှိရေးအတွက်လည်း ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နိုင်ငံတော်မှစီမံဆောင်ရွက်လျက်ရှိကြောင်း။
  • နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝကပေးအပ်ထားသည့် အားသာချက်များကို အကျိုးရှိစွာအသုံးချ၍ အထွက်နှုန်းကောင်းစေရန် စနစ်တကျဖြင့် မွေးမြူကြရန်လိုကြောင်း၊ မြိတ်မြို့ဆိပ်ကမ်း ကိုလည်း နိုင်ငံတကာအဆင့်မီဆိပ်ကမ်း တစ်ခုဖြစ်စေရေး ကြိုးပမ်းဆောင်ရွက် ရန်လိုကြောင်း။
  • တနင်္သာရီတိုင်းဒေသကြီးအတွင်း သံရိုင်း၊ ကျောက်မီးသွေးနှင့် ထုံးကျောက်များစွာ ရှိသဖြင့် ရေလုပ်ငန်းတစ်ခုတည်းကို သာမက အခြားစက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

          အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြိတ်ခရိုင်အတွင်းရှိ ငါးပုဇွန်မွေးမြူရေး လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

  • ငါးလေလံဈေးနှင့်စက်မှုဇုန်တည်ဆောက်ရေးအတွက် ၂၀၂၁ ခုနှစ် မြိတ်မြို့ခရီးစဉ် အတွင်း နေရာရွေးချယ်ဆောင်ရွက်ပေးခဲ့ပြီး စီမံကိန်းဆောင်ရွက်ရန်အတွက် နိုင်ငံတော်အစိုးရမှခွင့်ပြုပေးပြီးဖြစ်၍ ပထမအဆင့်အနေဖြင့် ငါးလေလံဈေးအား ဦးစားပေးတည်ဆောက်ရန်လို။
  • တနင်္သာရီတိုင်းဒေသကြီးသည် ဆန်ဖူလုံမှုမရှိသည့်အတွက် စီမံကိန်းများဆောင်ရွက် ရာတွင် လယ်မြေများအား အသုံးမပြုရန်နှင့် မြေကိုအကျိုးရှိစွာအသုံးချနိုင်ရန်လို။
  • မိမိတို့အနေဖြင့် နိုင်ငံ၏စားရေရိက္ခာပေါများစေရန်အတွက် ဆောင်ရွက်လျက်ရှိရာ မြိတ်ဒေသအတွင်း စပါးအထွက်နှုန်းများတိုးတက်အောင် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလို။
  • ရေထွက်ကုန်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်အောင် ပြည်တွင်း၌ ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရန်လိုကြောင်း၊ မြိတ်ဒေသအတွင်းလျှပ်စစ်မီးလုံ လောက်စွာရရှိရေးအတွက်လည်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နိုင်ငံတော်မှ စီမံဆောင်ရွက်လျက်ရှိ။
  • နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝကပေးအပ်ထားသည့် အားသာချက်များကို အကျိုးရှိစွာအသုံးချ၍ အထွက်နှုန်းကောင်းစေရန် စနစ်တကျဖြင့် မွေးမြူကြ ရန်လိုကြောင်း၊ မြိတ်မြို့ဆိပ်ကမ်းကိုလည်း နိုင်ငံတကာအဆင့်မီဆိပ်ကမ်းတစ်ခုဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်လို။

 

Add new comment