မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများအား တပ်မတော်မှ လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် နေ့စဉ်ပို့ဆောင်ပေးလျက်ရှိပါသည်။
-
မေလ ၂၉ ရက်တွင် တပ်မတော်(ရေ)မှ ထောက်ပံ့ရေးရေယာဉ် (ပြည်တော်အေး-၂) ဖြင့် အခြေခံလူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ၊ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများ၊ လုပ်ငန်းသုံးယာဉ် ၂ စီး စုစုပေါင်းတန်ချိန် ၆၇၂ တန်တို့အား ပို့ဆောင်ခဲ့။
-
အလားတူ ၂၉ မီတာ ကမ်းထိုးရေယာဉ် ၄ စီးဖြင့် တာပေါ်လင်များ၊ လူသုံးကုန်ပစ္စည်းများ၊ သစ်ဆိုဒ်မျိုးစုံနှင့် အိမ်ဆောက်ပစ္စည်းများ၊ စားသောက်ကုန်များ စုစုပေါင်းကုန်တန်ချိန် ၁၂၈ တန်ခန့်အား ပို့ဆောင်ခဲ့။
-
မေလ ၃၀ ရက်တွင် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ် ၁ စီးဖြင့် ဆန်တန်ချိန် ၅၀ အားလည်းကောင်း၊ ၅၆ မီတာ ကမ်းထိုးရေယာဉ် ၁ စီးဖြင့် သစ်တန်ချိန် ၁၀.၀၇ တန်အားလည်းကောင်း ပို့ဆောင်ခဲ့။
-
အလားတူ သူရိယစန္ဒာဝင်းကုမ္ပဏီပိုင် MV-Charities ရေယာဉ် ၁ စီးဖြင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ စုစုပေါင်းကုန်တန်ချိန် ၂,၅၁၁ တန်အား ပို့ဆောင်ခဲ့။
-
မေလ ၃၀ ရက်တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် လျှပ်စစ်ပစ္စည်းများ၊ ရေသန့်စက်များ၊ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများကို တပ်မတော်လေယာဉ်ဖြင့် ၁ ကြိမ်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအပါ ဆေးပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများကို တပ်မတော်လေယာဉ်ဖြင့် ၂ ကြိမ် ပို့ဆောင်ပေးခဲ့။
အဆိုပါတပ်မတော်မှ လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် ရောက်ရှိလာသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် မုန်တိုင်းဒဏ်သင့်မြို့နှင့် ကျေးရွာများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၅-၂၀၂၃)
-
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများကုန်တန်ချိန် ၃,၃၂၁.၀၇ တန်အား စစ်ရေယာဉ်များဖြင့် ပို့ဆောင်ခဲ့။
-
တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် ပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့။
Add new comment