ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

      တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများကို ကျင်းပခဲ့ရာ-

  • မေလ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ သင်္ဃန်းကျွန်းမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ မွန်ပြည်နယ်၊ ရေးမြို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ သထုံမြို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ စုစုပေါင်း ၄ ဦးအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး တာဝန်ရှိသူများက ထောက်ပံ့ငွေများအသီးသီးပေးအပ်ကာ ၎င်းတို့၏အုပ်ထိန်းသူ မိဘဆွေမျိုးများထံသို့ပြန်လည်အပ်နှံခဲ့။

  • မေလ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် မွန်ပြည်နယ်၊ ရေးမြို့တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦးသည် SigSauer P 320 အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၅ တောင့်နှင့်အတူ တာဝန်ရှိသူများထံသို့ ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သေနတ် ၁ လက်အတွက် ငွေကျပ်သိန်း ၂၀ နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု အသိပေးထုတ်ပြန်ထားပြီး မေလ ၃၀ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၃၉၆ ဦးနှင့် အမျိုးသမီး ၁၃၄ ဦး၊ စုစုပေါင်း ၅၃၀ ဦးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၅-၂၀၂၃)

  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရေးမြို့နှင့် သထုံမြို့တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၄ ဦးအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများအသီးသီးပေးအပ်ကာ ၎င်းတို့၏အုပ်ထိန်းသူ မိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။

  • ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နှင့် ရေးမြို့တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦးအား ငွေကျပ်သိန်း ၂၀ ကို ထိုက်ထိုက်တန်တန် ထောက်ပံ့ပေးအပ်ခဲ့။

  • မေလ ၃၀ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ ဝင် အမျိုးသား ၃၉၆ ဦးနှင့် အမျိုးသမီး ၁၃၄ ဦး၊ စုစုပေါင်း ၅၃၀ ဦးရှိပြီဖြစ်။

Add new comment