ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစစ်အေးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Committee for External Relations of St. Petersburg ၏ Vice Chairman Vyacheslav G. Kalganov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့နှင့် Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေး

      ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစစ်အေးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Committee for External Relations of St. Petersburg ၏ Vice Chairman ဦးဆောင်သော North-West Institute of Management of Russian Presidential Academy of National Economy and Public Administration (NWIM RANEPA) တက္ကသိုလ်မှ ကိုယ်စားလှယ်အဖွဲ့နှင့် မေလ ၂၉ ရက်တွင် Video Conferencing  ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ 

ဆွေးနွေးမှုတွင်-

  • ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ NWIM RANEPA တို့အကြား နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင်  ဖွင့်လှစ်လျက်ရှိသော ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်းများနှင့်အဆင့်မြင့်အရာထမ်းသင်တန်းများတွင် သင်ခန်းစာများ လာရောက်ပို့ချရန်ကိစ္စ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များရှိ ဆရာ/ဆရာမများအား ToT သင်တန်းများ အပြန်အလှန်ပေးခြင်း၊ သင်ကြားရေးအတွေ့အကြုံများ ဖလှယ်ခြင်း၊ လေ့ကျင့်သင်ကြားရေးဆိုင်ရာ နှစ်နိုင်ငံအပြန်အလှန်လေ့လာရေးခရီးစဉ်များ သွားရောက် ရန်ကိစ္စ၊ ပညာသင်စေလွှတ်ရေးအစီအစဉ်များ ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုဆိုင်ရာ အတွေ့ အကြုံများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)နှင့် (အောက်မြန်မာပြည်) တို့မှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြန်မာ့အလင်းသတင်းစာ ၃၀-၅-၂၀၂၃)

 
   
  • ဆွေးနွေးမှုတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းများတွင် သင်ခန်းစာများ လာရောက်ပို့ချရန်ကိစ္စ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များရှိ ဆရာ/ဆရာမများအား TOT သင်တန်းများ အပြန်အလှန်ပေးခြင်း၊ သင်ကြားရေး အတွေ့အကြုံ များဖလှယ်ခြင်း၊ လေ့ကျင့်သင်ကြားရေးဆိုင်ရာ နှစ်နိုင်ငံအပြန်အလှန် လေ့လာရေးခရီးစဉ်များ သွားရောက်ရန်ကိစ္စ၊ ပညာသင်စေလွှတ်ရေးအစီအစဉ်များ ပူးပေါင်းဆောင်ရွက်ရန်နှင့်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုဆိုင်ရာအတွေ့အကြုံများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

Add new comment