ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးနှင့်အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းပညာဥပဒေများနှင့်အညီ မှတ်ပုံတင်ခွင့်ရရှိပြီး ဖြစ်သည့် ရန်ကုန်တိုင်းဒေကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ အောင်ဇေယျလမ်း၊ အမှတ် (၂၄)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဌာနချုပ်သို့ မေလ ၂၉ ရက်တွင် သွားရောက်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းပညာဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက် စစ်ဆေးခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေ နှင့် ပါတီအဖွဲ့ဝင်များက ရှင်းလင်းတင်ပြခဲ့ကြပါသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် တစ်နိုင်ငံလုံး၌ စည်းရုံးဆောင်ရွက်ရန် ဧပြီလ ၂၅ ရက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ နိုင်ငံရေးပါတီအဖြစ် ပါတီမှတ်ပုံတင်ခွင့် ရရှိထားပြီးဖြစ်ပါသည်။ ပါတီဝင်အင်အား တစ်သိန်းကျော် စုဆောင်း ရရှိပြီး ပါတီရုံးခန်းပေါင်း ၂၄၇ ရုံး ဖွင့်လှစ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၅-၂၀၂၃)
|
Add new comment