နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထားဝယ်မြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီလ ၁၄ ရက် တွင် ထားဝယ်မြို့ ကျက်သရေဆောင် လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးတို့သို့ သွားရောက်ဖူးမြော်ကြည်ညိုခြင်း၊ ထားဝယ် တက္ကသိုလ်နှင့် ထားဝယ်ကမ်းနားလမ်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်နိုင်မည့် အခြေအနေများနှင့် ကမြောကင်းတံတားတည်ဆောက်ရေးစီမံကိန်းတို့သို့ ကြည့်ရှုစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းနှင့် ဆီမီးများကပ်လှူပူဇော်ခြင်း၊ အလှူငွေများပေးအပ်လှူဒါန်းခြင်း၊ ရွှေတောင်စားစေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်း၊ စေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုခြင်း၊ စေတီတော်ကြီးပရိဝုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး များကပ်လှူပူဇော်ပြီး သိမ်တော်ကြီးအား ရှေးမူလက်ရာမပြတ် ထိန်းသိမ်းထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုခြင်းနှင့် မဟာဝိဇယမသီတလ နိဗ္ဗူတဃောသ မဟာခေါင်းလောင်းတော်ကြီးအား ငါးချက်ထိုး၍ ပူဇော်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ထားဝယ်တက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တက္ကသိုလ် သမိုင်းအကျဉ်းနှင့် ပညာရေးဝန်ထမ်းများ ခန့်အပ်ထားရှိမှုအခြေအနေ၊ ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ် တက်ရောက်မှုအခြေအနေနှင့် တက္ကသိုလ်တွင် အမှန်တကယ်လိုအပ်သည့်သင်ကြားမှုသင်ယူမှု အထောက်အကူပြုပစ္စည်းများနှင့် တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ဝန်ကြီးချုပ်က-

  • ကျောင်းများ၊ တက္ကသိုလ်များကိုဖွင့်လှစ်၍ ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး နိုင်ငံတော်မှဆောင်ရွက်ပေးထားပြီးဖြစ်သဖြင့် ကျောင်းတက်ရောက်၍ စာပေပညာများသင်ယူရန်၊ အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် ရပ်တည်နိုင်ရန်အတွက် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက ပူးပေါင်း ပါဝင်၍ ပညာရေးကို အားပေးဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
  • ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပေးရာတွင် အလွတ်ကျက်ပညာရေး သဘောမျိုးမဟုတ်ဘဲ သင်ယူလေ့လာခြင်း Study စနစ်ဖြင့် သင်ကြားမှု စနစ်ဖြစ်ရန်လိုပြီး ဆရာနှင့် ကျောင်းသား အပြန်အလှန် မေးမြန်းဆွေးနွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင် ရာ စာပေဘာသာပညာ ရပ်များကို လေ့လာဖတ်ရှု မှတ်သားခြင်းတို့ လုပ်ဆောင်စေရမည်ဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေသည့်အတွက် ဥပဒေနှင့် စီးပွားရေး အတတ်ပညာကို နိုင်ငံနှင့်အဝန်းသိရှိနိုင်ရန် စီးပွားရေးဆိုင်ရာဘာသာရပ်နှင့် ဥပဒေ ဆိုင်ရာဘာသာရပ်များကိုပါ သင်ကြားပေးနိုင်ရေး လုပ်ဆောင် စေလျက်ရှိကြောင်း မှာကြားခဲ့ပါသည်။ 

ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ တလိုင်း ထိန်ရပ်ကွက်ရှိ ဆိပ်ကမ်းသာပန်းခြံနှင့် ကြက်စားပြင်ရပ်ကွက်ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဆိပ်ခံတံတားတို့သို့သွားရောက်ကြည့်ရှု၍ ဆိပ်ခံတံတားအဆင့်မြှင့်တင်ရေး၊ ထားဝယ်မြစ်အဆင့်မြှင့်တင်ရေးနှင့် ထားဝယ်ကမ်းနားလမ်းတစ်လျှောက် ဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်ရန် လိုအပ်သည်များနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကမြောကင်းတံတား တည်ဆောက်ရေးစီမံကိန်းသို့ ကြည်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းများတည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ထားဝယ် - ကမြောကင်း - လောင်းလုံးလမ်းပေါ်ရှိ ကမြောကင်းတံတားအသစ်တည်ဆောက်နေမှုနှင့် ဘဏ္ဍာရေးနှစ်အလိုက်ပြီးစီးမှု အခြေအနေများ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ပေ(၁၈၀)အထက်တံတားများ တည်ဆောက်နေမှု အခြေ အနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ဝန်ကြီးချုပ်က-

  • မိုးများသည့်ဒေသဖြစ်သဖြင့် လမ်းများရေရှည်ကောင်းမွန်စေရေးမြေ ပြုပြင်ခြင်းများ စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ လမ်းများပျက်ဆီးစေမှုသည် အဓိကမှာ ရေကြောင့်ဖြစ်ကြောင်း၊ ရေဆင်းရန်နှင့်ရေထွက်ရန်လိုကြောင်း၊ လမ်းပေါ်သစ်ကိုင်းများရောက်ပြီး မိုးရေကျမှုများလည်း အနည်းဆုံးဖြစ်ရန်လို ကြောင်း၊ မော်တော်ယာဉ် များအန္တရာယ်ကင်းရှင်းစေရေးအတွက် လမ်းပုခုံးများသတ်မှတ်ချက်များအတိုင်းရှိ စေရန်နှင့် လမ်းနယ်များအား စနစ်တကျဖြင့် သတ်မှတ်ဆောင်ရွက်ရန်လိုကြောင်း။
  • မိမိတို့နိုင်ငံတွင် မော်တော်ဆိုင်ကယ်အစီးရေ ၆ သန်းခန့်ရှိသဖြင့် လမ်းများဖောက်လုပ်ရာတွင် ဆိုင်ကယ်သွားရန်အတွက်ပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးရန်လိုကြောင်း၊ တံတားများတည်ဆောက်ရာတွင် ခံနိုင်ဝန်ရှိရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိစေရေးအတွက် သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျဖြင့် တည်ဆောက်ရန်လိုကြောင်း မှာကြားခဲ့ပါသည်။

အဆိုပါကမြောကင်းတံတားသည် ထားဝယ်-ကမြောကင်း-လောင်းလုံးလမ်းပေါ် တွင်တည်ရှိပြီး ထားဝယ်မြစ်ကိုဖြတ်သန်းတည်ဆောက်နေခြင်းဖြစ်ကာ တံတားအရှည် ၁၀၅၀ ပေရှိကြောင်း၊ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် ၅ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၁၆၄ ပေ၊ အမြင့် ၁၆ ပေရှိမည်ဖြစ်ကြောင်းနှင့် တည်ဆောက်ရေးစီမံကိန်းအား ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့တွင်စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လအတွင်း ပြီးစီးနိုင်ရေး ရည်မှန်းတည်ဆောက်လျက်ရှိကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့ ကျက်သရေဆောင် လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးတို့သို့ သွားရောက်ဖူးမြော်ကြည်ညိုခြင်း၊ ထားဝယ်တက္ကသိုလ်နှင့် ထားဝယ်ကမ်းနားလမ်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နိုင်မည့် အခြေ အနေများနှင့် ကမြော ကင်းတံတားတည်ဆောက်ရေးစီမံကိန်းတို့သို့ ကြည့်ရှုစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့။
  • မိမိတို့နိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေသည့်အတွက် ဥပဒေနှင့် စီးပွားရေး အတတ်ပညာကို နိုင်ငံနှင့်အဝန်းသိရှိနိုင်ရန် စီးပွားရေးဆိုင်ရာဘာသာရပ်နှင့် ဥပဒေ ဆိုင်ရာဘာသာရပ်များကိုပါ သင်ကြားပေးနိုင်ရေး လုပ် ဆောင်စေလျက်ရှိ။
  • တံတားများတည်ဆောက်ရာတွင် ခံနိုင်ဝန်ရှိရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိစေရေးအတွက် သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျဖြင့် တည်ဆောက်ရန်လို။
  • ကမြောကင်းတံတားသည် ထားဝယ်-ကမြောကင်း-လောင်းလုံးလမ်းပေါ်တွင် တည်ရှိပြီး ထားဝယ်မြစ်ကိုဖြတ်သန်းတည်ဆောက်နေခြင်းဖြစ်
  • ကမြောကင်းတံတားတည်ဆောက်ရေးစီမံကိန်းအား ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့တွင်စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လအတွင်း ပြီးစီးနိုင်ရေး ရည်မှန်းတည်ဆောက်လျက်ရှိ။

Add new comment