နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပင်းပက်-နောင်ကား-တောင်ကြီး-ရွှေညောင်-သာစည်-မြင်းခြံရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ ၂၉ ရက်တွင် တာဝန်ရှိသူများလိုက်ပါ၍ ပင်းပက်-နောင်ကား-တောင်ကြီး-ရွှေညောင်-သာစည်-မြင်းခြံရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ထီသိမ်ဘူတာယာဒ်ဝင်း လှေကား၊ ပလက်ဖောင်းတည်ဆောက်ခြင်းနှင့် ရထားလမ်းအဝိုင်းပတ် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အေးသာယာနှင့် ပေါမူဘူတာယာဒ်ဝင်း သံလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • ရထားလမ်းများကို လူအများသွားလာခြင်းသာမက ကုန်ပစ္စည်းများတင်ပို့မှုအတွက်လည်း အသုံးပြုသွားမည်ဖြစ်သောကြောင့် ရထားလမ်းများ၏ ခံနိုင်ရည်အားကောင်းမွန်အောင် စနစ်တကျတည်ဆောက်ရန်လိုကြောင်း။
  • ရထားများကို တောင်ပေါ်တွင်မောင်းနှင်သည့် ပုံမှန်အမြန်နှုန်းများအတိုင်း မောင်းနှင်ပြေးဆွဲနိုင်ရေးနှင့် အန္တရာယ်ကင်းရှင်းစေရေးဘရိတ်စနစ်များကို ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း။
  • ရထားလမ်းများကို အနာဂါတ်တွင် ထပ်မံအဆင့်မြှင့်တင်မှုများပြုလုပ်နိုင်ရေး ရထားလမ်းနယ်များကို ကြိုတင်သတ်မှတ်ဆောင်ရွက်၍ လမ်းနယ်အမှတ်အသားများကို စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုကြောင်း။
  • ရထားလမ်းတစ်လျှောက် ဘေးဘယ်ညာရှိ နိုင်ငံပိုင်မြေများတွင် သစ်တောများ စိုက်ပျိုးနိုင်ရန်လိုသဖြင့် သစ်တောဥပဒေများရေးဆွဲပြီး စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုကြောင်း။
  • ရထားများ ယခုထက် အမြန်နှုန်းတိုးမြှင့်ပြေးဆွဲနိုင်ရေး၊ လူစီးရထားများကို RBE တွဲများဖြင့် ပြေးဆွဲနိုင်ရေး၊ ရထားလမ်းများအား မြန်နှုန်းမြှင့်၍ ပြေးဆွဲနိုင်ရေးနှင့် အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုပြီး လျှပ်စစ်ရထားပြေးဆွဲရေးနှင့်ပတ်သက်၍လည်း ကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်လျက်ရှိ ကြောင်း။
  • မြန်မာနိုင်ငံရှိ ရထားလမ်းများအားလုံး ကီလိုမီတာ ၁၀၀ အမြန်နှုန်းအထိ မောင်းနှင်နိုင်ရန် မူလရည်မှန်းချက်အဖြစ် ထားရှိဆောင်ရွက်သွားရမည်ဖြစ်ပြီး နောင်တွင် အဆိုပါအမြန်နှုန်းထက်ပိုမိုပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားရန်အတွက် အင်ဂျင်နီယာရှုထောင့်မှ သုံးသပ်ဆောင်ရွက်ကြစေ လိုကြောင်း။
  • ရထားအသုံးပြု၍ ပြေးဆွဲခြင်းသည် Public Transportation ဖြစ်သဖြင့် စက်သုံးဆီသုံးစွဲမှုကို သက်သာစေပြီး အများပြည်သူသွားလာမှု၊ ကုန်ပစ္စည်းများတင်ပို့မှုအတွက် များစွာအထောက်အကူပြုသဖြင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် သယ်ယူပို့ဆောင်ရေးစနစ်ပင်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထီသိမ်ဘူတာအနီးတွင် ထည့်သွင်းဖောက်လုပ်နေသည့် ရထားလမ်း အဝိုင်းပတ်နေရာ စီမံကိန်းဧရိယာအတွင်း လှည့်လည်ကြည့်ရှုပြီး စီမံကိန်းဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။

အဆိုပါထီသိမ်ဘူတာအနီး၌ ထည့်သွင်းဖောက်လုပ်မည့် ရထားလမ်းအဝိုင်းပတ်ကို ရှမ်းပြည်နယ်၏ ထင်ရှားသော ဘဝသံသရာရထားလမ်းနှင့် တံတားပုံစံအတိုင်း တည်ဆောက်လျက်ရှိကြောင်းနှင့် ရထားစီးခရီးသည်များအား ဆွဲဆောင်နိုင်သည့် ရထားလမ်းပိုင်းနေရာတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၅-၂၀၂၃)

  • ရထားလမ်းများကို လူအများသွားလာခြင်းသာမက ကုန်ပစ္စည်းများတင်ပို့မှုအတွက်လည်း အသုံးပြုသွားမည်ဖြစ်သောကြောင့် ရထားလမ်းများ၏ ခံနိုင်ရည်အားကောင်းမွန်အောင် စနစ်တကျတည်ဆောက်ရန်လို။
  • မြန်မာနိုင်ငံရှိ ရထားလမ်းများအားလုံး ကီလိုမီတာ ၁၀၀ အမြန်နှုန်းအထိ မောင်းနှင်နိုင်ရန် မူလရည်မှန်းချက်အဖြစ် ထားရှိဆောင်ရွက်သွားရမည်ဖြစ်ပြီး နောင်တွင် အဆိုပါအမြန်နှုန်းထက်ပိုမိုပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားရန်အတွက် အင်ဂျင်နီယာရှုထောင့်မှ သုံးသပ်ဆောင် ရွက်ကြစေလို။
  • ရထားအသုံးပြု၍ ပြေးဆွဲခြင်းသည် Public Transportation ဖြစ်သဖြင့် စက်သုံးဆီသုံးစွဲမှုကို သက်သာစေပြီး အများပြည်သူသွားလာမှု၊ ကုန်ပစ္စည်းများတင်ပို့မှုကို များစွာအထောက်အကူပြုသဖြင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် သယ်ယူပို့ဆောင်ရေးစနစ်ပင်ဖြစ်။
  • ထီသိမ်ဘူတာအနီး၌ ထည့်သွင်းဖောက်လုပ်မည့် ရထားလမ်းအဝိုင်းပတ်ကို ရှမ်းပြည်နယ်၏ ထင်ရှားသော ဘဝသံသရာရထားလမ်းနှင့် တံတားပုံစံအတိုင်း တည်ဆောက်လျက်ရှိပြီး ရထားစီးခရီးသည်များအား ဆွဲဆောင်နိုင်သည့် ရထားလမ်းပိုင်းနေရာတစ်ခုဖြစ်လာမည်ဖြစ်။

Add new comment