ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
- မေလ ၂၄ ရက်မှ ၂၈ ရက်အထိ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ပေါက်တောမြို့နယ်၌ အခမဲ့ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စစ်တွေမြို့ဆိပ်ကမ်းများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ သယ်ဆောင် ဆိုက်ကပ်ထားသည့် သင်္ဘောပေါ်မှပစ္စည်းများကို စက်ယန္တရားကြီးများဖြင့် ရေယာဉ်/မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်၍ မုန်တိုင်းဒဏ်သင့်ဒေသများသို့ပို့ဆောင်ရန် စီစဉ်နေမှု၊ စစ်တွေမြို့ ကမ်းနားလမ်းနှင့် မြို့ပတ်လမ်းတစ်လျှောက် ထိခိုက်ပျက်စီးမှုများ ပြုပြင်ပြီးစီးမှုနှင့် စစ်တွေစာတိုက်အဆောက်အအုံ ပြန်လည် ပြုပြင်ရန်ဆောင်ရွက်နေမှု၊ လျှပ်စစ်မီးတိုင်များ ပြုပြင်ဆောင်ရွက်နေမှု၊ စာသင်ကျောင်းများ အမိုးမိုးခြင်းလုပ်ငန်းပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့။
- မေလ ၂၄ ရက်မှ ၂၇ ရက်အထိ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ချင်းပြည်နယ်၊ ဟားခါးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက ဘူးသီးတောင်မြို့နယ်နှင့် ဗိုလ်မှူးချုပ်ကျော်ကျော်ဦးက မာန်အောင်မြို့တို့၌ မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့်စာသင်ကျောင်းများအား ပြန်လည်ပြင်ဆင်နေမှုနှင့် သောက်သုံးရေဖြန့်ဝေပေးနေမှု၊ ဗိုလ်ချုပ်အောင်မျိုးထွန်းက ရသေ့တောင်မြို့၌ မုန်တိုင်းကြောင့် ပြိုလဲခဲ့သည့်သစ်ပင်ကြီးများအား တပ်မတော်သားများနှင့် တာဝန်ရှိသူများက ခုတ်ထွင်ရှင်းလင်းနေမှုနှင့် ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်နေမှု၊ ဗိုလ်မှူးချုပ်ဇော်မင်းအေးက ရမ်းဗြဲမြို့နယ်၌ ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦနှင့် ဌာနဆိုင်ရာအဆောက်အဦများအား ပြန်လည်ပြင်ဆင်နေမှု၊ ဗိုလ်မှူးချုပ်ခင်ဇော်က မင်းပြားမြို့နှင့် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက မြေပုံမြို့နယ်တို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များမှ ပေးပို့သော ဆန်နှင့်စားသောက်ဖွယ်ရာများ သယ်ဆောင်လာ သည့် ကုလားတန်ရေယာဉ်ပေါ်မှ ပစ္စည်းများကို နယ်မြေခံတပ်မတော်သား များနှင့် ဝန်ထမ်းများက သယ်ယူပို့ဆောင်ပေးနေမှု၊ ဗိုလ်မှူးချုပ်အောင်သူဦး က ကျောက်တော်မြို့၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဆေးရုံ၊ ဆေးပေးခန်းများ၊ သာသနိကအဆောက်အဦများနှင့် ဌာနဆိုင်ရာအဆောက်အဦများအား ပြန်လည်ပြင်ဆင်နေမှုတို့ကို ကြည့်ရှုပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့။
- မေလ ၂၄ ရက်မှ ၂၈ ရက်အထိ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင်မြို့များသို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ၌ လဲကျနေသောသစ်ပင်ကြီးများ၊ သစ်ကိုင်း များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် စာသင်ဆောင်အမိုးများအား ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ သောက်သုံးရေသန့်နှင့် စားသောက်ဖွယ်ရာများ ဖြန့်ဝေပေးခြင်း၊ လျှပ်စစ်မီးတိုင်နှင့် မီးကြိုးများပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး နယ်လှည့်ဆေးကုသရေးအဖွဲ့မှလည်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ။
- မေလ ၂၄ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စစ်တွေမြို့နယ်ရှိ ကျေးရွာများနှင့် စစ်တွေတပ်နယ်အတွင်းရှိ ကျွဲ၊ နွား၊ ဝက်များအား ကာကွယ်ဆေးနှင့် အားဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးခဲ့။
- တပ်မတော်မှ အထူးဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၌ ယာယီဆေးရုံဖွင့်လှစ်၍ နယ်မြေခံကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ။
- မေလ ၂၅ ရက်နှင့် ၂၈ ရက်တို့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နှင့် တာဝန်ရှိသူများသည် စစ်တွေမြို့နယ်အတွင်းရှိ ကားလမ်းမကြီး ဝဲ/ယာတစ်လျှောက်တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲကျိုးကျနေသည့် သစ်ပင်/သစ်ကိုင်းများအား ရှင်းလင်း ဖယ်ရှား ဆောင်ရွက်နေမှု၊ စစ်တွေတပ်နယ်နှင့် ပုဏ္ဏားကျွန်းတပ်နယ်၊ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့ခွဲများ၌ အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော နေအိမ်လိုင်းခန်းများ၊ အဆောက်အဦများအား အမိုးများပြန်လည်ပြုပြင်တည်ဆောက်နေမှု၊ ကျောက်တော်မြို့၌ ပျက်စီးနေသည့် စာသင်ကျောင်းများ ပြန်လည်တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးခဲ့။
- သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် စစ်တွေမြို့ပေါ်ရပ် ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ဖြန့်ဝေရန် ရေသန့်စင်ကားနှစ်စီး၊ ရသေ့တောင်မြို့နယ်အတွက် ရေသန့်စင်ကားနှစ်စီး၊ မင်းပြားမြို့နယ်အတွက် ရေသန့်စင်ကားတစ်စီး၊ စုစုပေါင်းရေသန့်စင် ကား(၅)စီးဖြင့် နေ့စဉ်သောက်သုံးရေဂါလန် (၂၅,၀၀၀) ကို ဖြန့်ဝေပေးလျက်ရှိသည့်အပြင် Lite Straw (ရေနောက်မှ ရေကြည်ရအောင် သန့်စင်ပေးသောစက်) အလုံး ၅၀ အား စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များသို့ ဖြန့်ဝေပေးပို့ထားပြီး ထပ်မံ၍လည်း အဆိုပါ မြို့နယ်များအတွက် အလုံး ၁၆၀ ဖြန့်ဝေပေးသွားမည်ဖြစ်။
- လျှပ်စစ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ မေလ ၂၅ ရက်မှစတင်ကာ စစ်တွေမြို့ ကားကြီးဝင်း-ဆတ်ရိုးကျတံတားလမ်းတစ်လျှောက်တွင် ည ၇ နာရီမှ ၁၀ နာရီအထိ လမ်းမီးများထွန်းညှိလျက်ရှိကြောင်းနှင့် ပြည်သူများ၏ ဖုန်းများ၊ လျှပ်စစ်မီးလုံးများနှင့် အခြားဘက်ထရီ အားသွင်း လျှပ်စစ်ပစ္စည်းများ အသုံးပြုနိုင်ရန်အတွက် Charging Point နေရာများဖြစ်သော ကားကြီးဝင်း၊ မီးစက်ကြီးအဝိုင်း၊ အစိုးရအဖွဲ့ရုံးရှေ့၊ ယဉ်ကျေးမှုပြတိုက်နှင့် ဘီးလူးမတံတားထိပ်စသည့်နေရာများတွင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်။
- မေလ ၂၆ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ အထူးဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့။
- မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် စစ်တွေမြို့ရှိ ရုပ်သံထုတ်လွှင့်မှုစက်ရုံများကို ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိရာ မေလ ၂၂ ရက်မှစတင်၍ မြဝတီရုပ်သံလိုင်းအား 642 MHz (၁၃၀ ဝပ်)ဖြင့်လည်းကောင်း၊ သဇင် FM အား 88.6 MHz (၅၄၀ ဝပ်)ဖြင့်လည်းကောင်း ၆ မိုင်ခန့်အကွာ အဝေးထိ ကောင်းမွန်စွာဖမ်းယူနိုင်ခဲ့ပြီး မြဝတီထပ်ဆင့်လွှင့်စက်ရုံနှင့် သဇင် FM ထပ်ဆင့်လွှင့်စက်ရုံများမှ ထုတ်လွှင့်သည့်ရုပ်သံလိုင်းများအား မူလအတိုင်းဖမ်းယူကြည့်ရှုနိုင်ရန် နေ့/ည မပြတ်ဆောင်ရွက်လျက်ရှိ။
- ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကြောင့် ဆက်သွယ်ရေးအော်ပရေတာလေးခု၏ မိုဘိုင်းစခန်း ၉၀၄ စခန်း ဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး ပြုပြင်ခြင်းများ အမြန်ဆုံးဆောင်ရွက်ခဲ့ရာ မေ ၂၇ ရက်အထိ မိုဘိုင်းစခန်းစုစုပေါင်း ၇၆၈ စခန်း ပြန်လည်ပြုပြင်နိုင်ခဲ့သဖြင့် ၈၈ ဒသမ ၉၇ ရာခိုင်နှုန်း ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ပြီဖြစ်။
- ရခိုင်ပြည်နယ်အတွင်းရှိ ရေငန်တားတာ ၃၂ ခုအနက် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သောတာများကို မိုးမကျမီပြုပြင်ပေးနိုင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏမှာ မြေကျင်းစုစုပေါင်း ၃၂၉၃၃ ကျင်းရှိသည့်အတွက် မေ ၂၇ ရက် အထိ မြေကျင်းပေါင်း ၁၀၃၆၅ ကျင်းခန့် ပြီးစီးပြီဖြစ်၍ ရာခိုင်နှုန်းအားဖြင့် ၃၁ ဒသမ ၄၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်။
- မေလ ၂၈ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ စစ်တွေတပ်နယ်ရှိ နယ်မြေခံရေတပ်ဆိပ်ခံတံတားနှင့် မိုးရေစုကန်များတွင် ပင်လယ်ရေဝင်ရောက်မှုအား ရေစုပ်စက်များဖြင့် စုပ်ထုတ်နေမှု၊ မင်းဂံကမ်းထိုးရပ်၊ နယ်မြေခံ ဗျူဟာစစ်ရေယာဉ်စု၊ ကွပ်ကဲမှုဌာနချုပ်တို့ရှိ အဆောက်အဦများ၊ မိသားစုလိုင်းခန်းများ၊ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်ဝန်း ခြံစည်းရိုးပျက်စီးမှုများနှင့် ကမ်းနားလမ်းတစ်လျှောက် ပြိုကျပျက်စီးမှုများ၊ တပ်မတော်(ရေ)မှ ကမ်းထိုးရေယာဉ်များဖြင့် မြောက်ဦးမြို့သို့ ကယ်ဆယ်ရေး ပစ္စည်းများ သယ်ယူပို့ဆောင်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့။
ထိုသို့တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက ပြန်လည်ထူထောင်ရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၅-၂၀၂၃)
- ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကူညီကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ။
- ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိရာ မေလ ၂၂ ရက်မှ စတင်၍ မြဝတီရုပ်သံလိုင်းအား 642 MHz (၁၃၀ ဝပ်)ဖြင့်လည်းကောင်း၊ သဇင် FM အား 88.6 MHz (၅၄၀ ဝပ်)ဖြင့်လည်းကောင်း ၆ မိုင်ခန့်အကွာအဝေးထိ ကောင်းမွန်စွာဖမ်းယူနိုင်ခဲ့။
- ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်မှုပြတ်တောက်ခဲ့သည့် မိုဘိုင်းစခန်းများကို ပြုပြင်ခြင်းများအမြန်ဆုံးဆောင်ရွက်ခဲ့ရာ မေ ၂၇ ရက်အထိ မိုဘိုင်းစခန်းစုစုပေါင်း ၇၆၈ စခန်း ပြန်လည်ပြုပြင်နိုင်ခဲ့သဖြင့် ၈၈ ဒသမ ၉၇ ရာခိုင်နှုန်းဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေး နိုင်ပြီဖြစ်။
Add new comment