မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်ရေးအတွက် ကမ္ဘောဒီးယားနိုင်ငံမှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁ သန်းနှင့် ဆေးထိုးအပ် ၁ သန်းအား မေလ ၂၆ ရက်တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အရေးကြီး ပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၊ Permanent Secretary of State၊ H.E. Dr. Youk Sambath က လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက လက်ခံရယူခဲ့ပါသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၊ Permanent Secretary of State၊ H.E. Dr. Youk Sambath တို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ၊ ကျန်းမာရေးဝန်ကြီး ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာကမ္ဘောဒီးယားနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် ဝန်ထမ်းများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်းနှင့် ယခင်နှစ်များကလည်း ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ဆေးနှင့် ဆေးပစ္စည်းများ၊ လှူဒါန်းငွေများကို ပေးပို့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၅-၂၀၂၃)
- မေလ ၂၆ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံမှ လှူဒါန်းသော Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁ သန်းနှင့် ဆေးထိုးအပ် ၁ သန်းတို့ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့။
- ယခင်နှစ်များကလည်း ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ဆေးနှင့် ဆေးပစ္စည်းများ၊ လှူဒါန်းငွေများကို ပေးပို့လှူဒါန်းခဲ့။
Add new comment