စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့ပြည်သူ့အစိုးရတို့ ပူးပေါင်း၍ မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲသို့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပရာ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက် လာရောက်လေ့လာခဲ့ကြပါသည်။
ကုန်စည်ပြပွဲ သဘာဝတွင်းထွက်ပစ္စည်းတို့ဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာများ၊ အိမ်တွင်းအလှဆင်ပရိဘောဂအမျိုးမျိုး၊ အိတ်အမျိုးမျိုး၊ ရခိုင်ရိုးရာပုဆိုးနှင့် လုံချည်၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ စားသောက်ကုန်အမျိုးမျိုး၊ ကျောက်စိမ်းနှင့် ရိုးရာအဝတ်အစားများနှင့် အသုံးအဆောင် ပစ္စည်းများတွင်လည်း ပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြပါသည်။
မြန်မာနိုင်ငံဘက်ပြခန်းများတွင် Wah Lah အသင့်စားခေါက်ဆွဲ၊ Happy ကော်ဖီ၊ သဘာဝမန်ကျဉ်းလုံးနှင့် ဇီးလုံး၊ သဘာဝမန်ကျဉ်းအနှစ်၊ ဇီးအနှစ်၊ ပိန်းဉခြောက်၊ KFC ကြက်ကြော်နှင့် အချိုရည်၊ ရေထွက်ပစ္စည်းဖြင့် ပြုလုပ်ထားသည့် မုန့်အမျိုးမျိုး၊ နှပ်ကော်ဖီ၊ ပေါ်ဆန်းမွှေးဆန်၊ ကြာဇံ၊ ငပိ၊ ငါးခြောက်၊ သီဟိုစေ့၊ ပိန္နဲယို၊ အလှကုန်ပစ္စည်းအမျိုးမျိုးအပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံကိန်းပြခန်းတွင် အထူးဈေးနှုန်းဖြင့် မြေကွက်များကို ဝယ်ယူနိုင်သည့်အပြင် Myanmar New Power Motorcycle Co.LTD မှလည်း ဆိုင်ကယ်အမျိုးမျိုးကို ရောင်းချပေးလျက်ရှိပါသည်။
တရုတ်နိုင်ငံဘက်မှပြခန်းများတွင် လျှပ်စစ်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၊ ကြွေပြား၊ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ၊ အချိုရည်၊ ရိုးရာအရက်၊ LED မီးသီးနှင့် မီးချောင်းများ၊ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ၊ အင်ဘက်တာ၊ ဘက်ထရီ၊ EV-Chargingနှင့် ဆက်စပ်ပစ္စည်းများကို ခင်းကျင်း ရောင်းချလျက်ရှိပါသည်။
ထို့ပြင် Henan Feibo Vehicle Industry Co.LTD က အရောင်းမိတ်ဆက်သည့် BOMA-X9 EV မော်တော်ကား အကြမ်းဖျဉ်းဈေး သိန်း ၁၂၀ ကျပ်၊ BOMA-X5 EV ကား အကြမ်းဖျဉ်းဈေး ၆၅ သိန်းကျပ်ဖြင့် မကြာမီ ရောင်းချသွားမည်ဖြစ်ပြီး လျှပ်စစ်ဆိုင်ကယ်နှင့် ဆီသုံးဆိုင်ကယ်များကို အရောင်းပြခန်းတွင် ရောင်းချပေးလျက်ရှိပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများက စိတ်ဝင်တစား လာရောက်မေးမြန်းစုံစမ်းလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၅-၂၀၂၃)
-
မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း)စီးပွားရေးကုန်စည်ပြပွဲသို့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပရာ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက်လာရောက်လေ့လာခဲ့။
-
အရောင်းပြခန်းတွင် ရောင်းချပေးလျက်ရှိသည့် EV မော်တော်ကား၊ လျှပ်စစ်ဆိုင်ကယ်နှင့် ဆီသုံးဆိုင်ကယ်များကိုလည်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများက စိတ်ဝင်တစား လာရောက်မေးမြန်းစုံစမ်းလျက်ရှိ။
Add new comment