အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကို မေလ ၂၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားခဲ့ရာတွင်-
- နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း၌ ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း( MSME )များကို အားပေးမြှင့်တင်ဆောင်ရွက် ခြင်းအားဖြင့် စီးပွားရေးမောင်နှင်အားများ ကောင်းမွန်လာမည်ဖြစ်သည်ကို တွေ့ရှိရကြောင်း။
- MSME လုပ်ငန်းများ၌ အဓိကလိုအပ်ချက်မှာ ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်များ ဖြစ်ကြောင်း။
- MSME ကို အားပေးရခြင်း၏ အခြေခံအကြောင်းအချက်များမှာ ကုန်ထုတ်လုပ်မှု၊ တစ်နည်းအားဖြင့် ပြည်တွင်းစီးပွားရေးကို မြှင့်တင်ရန်၊ သွင်းကုန် အစားထိုးနိုင်ရန်၊ ပို့ကုန်တိုးမြှင့်နိုင်ရန်ဖြစ်ကြောင်း။
- လျှပ်စစ်နှင့်ပတ်သက်၍ အစိုးရအဆက်ဆက်၌ စီမံကိန်းများရှိပြီး အဆိုပါစီမံကိန်းများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းများဖျက်သိမ်းခြင်း၊ ဆိုင်းငံခြင်းများကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ နှောင့်နှေးမှုများ များစွာကြုံတွေ့ခဲ့ရကြောင်း။
- ထို့ကြောင့် ကာလတို၊ ကာလရှည်၊ ကာလလတ် စီမံချက် ၃ မျိုးဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးကိုလည်း ရဲရဲဝံ့ဝံ့ဆောင်ရွက်သွားနိုင်ရန် လိုအပ်သည်ကို တွေ့ရှိရကြောင်း။
- ငွေကြေးအရင်းအနှီးနှင့်ပတ်သက်၍ MSME ချေးငွေများကို စီမံ/ဘဏ္ဍာလုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ချေးနိုင်ရန်၊ ချေးငွေချေးယူမှုထပ်နေခြင်း မဖြစ်စေရန်၊ ပြန်ဆပ်သည့်သတ်မှတ်ကာလတွင် ပြန်လည်ပေးသွင်းနိုင်ရန်၊ နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးမှုမဖြစ်စေရန်နှင့် အကျိုးရှိစွာ အသုံးချနိုင်ရေးစနစ်တကျ လုပ်ဆောင်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
- အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် လုပ်သာကိုင်သာရှိသည့် စီးပွားရေးပတ်ဝန်းကျင်အခြေအနေကောင်းများ လိုအပ်ခြင်း၊ ခေတ်မီလုံလောက်သည့် အခြေခံအဆောက်အဦများ လိုအပ် ခြင်း၊ စွန့်ဦးတီထွင်လိုသူများ မဝံ့မရဲဖြစ်ခြင်း၊ ငွေကြေးအရင်းအနှီးစရိတ်ကြီးမြင့်ခြင်းနှင့် မလုံလောက်ခြင်း၊ ရိုးရာနည်း (Traditional Technology) များကိုသာ အသုံးပြုနေရခြင်း၊ သုတေသနဖွံ့ဖြိုးမှုနှင့် ဆန်းသစ်တီထွင်မှု ဆိုင်ရာအထောက်အပံ့ရရှိမှု အားနည်းနေခြင်း၊ သုတေသနပြုပြီးနောက် ရရှိသည့်ရလဒ်များကိုလည်း ရောင်းတန်းဝင်အဆင့်မြှင့်တင်နိုင်မှုမရှိသေးခြင်း အစရှိသည့်ကန့်သတ်ချက်များ၊ အဟန့်အတားများရှိနေသည်ကို လည်း တွေ့ ရမည်ဖြစ်ကြောင်း။
- MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးနိုင်ရေး အဓိကထားဆောင်ရွက်ရမည့်အချက်(၄)ချက်ဖြစ်သည့် လုပ်ငန်းသစ်များအစပျိုးရာတွင် တွေ့ကြုံရမည့် အခက်အခဲအတားအဆီးများ လျှော့ချရေး၊ ရင်းနှီးမတည်ငွေစီးဆင်းမှု၊ လွယ်ကူချောမွေ့စေရေး၊ အသိပညာပေးခြင်းနှင့် စွန့်ဦးတီထွင်မှုလုပ်ငန်းများကို အားကောင်းစေခြင်း၊ သတင်းကွန်ရက်ချိတ်ဆက်ခြင်းနှင့် ကျယ်ကျယ် ပြန့်ပြန့် သတင်းအချက်အလက်ဖြန့်ဝေမှု အားကောင်းစေခြင်းဖြင့် နိုင်ငံတကာထောက်ပံ့မှုကွင်းဆက် (International Supply Chain)ထဲသို့ ဝင်ရောက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှု မြင့်မားလာပြီး ဒစ်ဂျစ်တယ်စီးပွားရေး (Digital Economy) ပီပြင်လာစေရေးအတွက် မိမိတို့ဗဟိုကော်မတီအနေဖြင့် လည်း ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။
ဆက်လက်၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဗဟို ကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ် ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ကဏ္ဍအလိုက်ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- ကုန်ထုတ်လုပ်မှုလုပ်ငန်းအတွက် ပြည်ထောင်စုအနေဖြင့် အဓိကဆောင်ရွက်ပေးရမည်မှာ ပညာရေးကွာဟမှုနည်းပါးစေရန်နှင့် လူသားအရင်းအမြစ်များ ပေါကြွယ်ဝစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
- လျှပ်စစ်စွမ်းအင်သည် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သည့် သွင်းအားစုတစ်ခုဖြစ်ကြောင်း။
- လျှပ်စစ်ဓာတ်အားရရှိရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လည်း မိမိတို့အစီအစဉ်ဖြင့် Bio Gasifier များနှင့် Solar System ကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့။
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နာယက၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၅-၂၀၂၃)
- နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း၌ ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း( MSME ) များကို အားပေးမြှင့်တင်ဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေးမောင်းနှင်အားများ ကောင်းမွန်လာမည်ဖြစ်သည်ကို တွေ့ရှိရ။
- MSME ကို အားပေးရခြင်း၏ အခြေခံအကြောင်းအချက်များမှာ ကုန်ထုတ်လုပ်မှု၊ တစ်နည်းအားဖြင့် ပြည်တွင်းစီးပွားရေးကို မြှင့်တင်ရန်၊ သွင်းကုန် အစားထိုးနိုင်ရန်၊ ပို့ကုန်တိုးမြှင့်နိုင်ရန်ဖြစ်။
- အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှု မြင့်မားလာပြီး ဒစ်ဂျစ်တယ်စီးပွားရေး (Digital Economy) ပီပြင်လာစေရေးအတွက် မိမိတို့ဗဟိုကော်မတီ အနေဖြင့်လည်း ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်။
- လျှပ်စစ်စွမ်းအင်သည် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သည့် သွင်းအားစုတစ်ခုဖြစ်။
- လျှပ်စစ်ဓာတ်အားရရှိရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လည်း မိမိတို့အစီအစဉ်ဖြင့် Bio Gasifier များနှင့် Solar System ကိုအသုံးပြု၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြစေလို။
Add new comment