ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ပစ္စည်းများ ထောက်ပံ့ပေးအပ်

      ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ထောက်ပံ့ငွေ၊ ပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်လျက် ရှိပါသည်။

  • မေလ ၂၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မေလ ၂၄ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ပေါင်ကြီးကျေးရွာ၌ဖြစ်ပွားခဲ့သော အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်လေးလုံးနှင့် ပြိုလဲနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၂၄၀,၀၀၀၊ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ထောက်ပံ့ရေးပစ္စည်းပုံးတစ်ပုံး၊ ဆန်ရိက္ခာခုနစ်ရက်စာဖိုး ထောက်ပံ့ငွေကျပ် ၃၁,၅၀၀ ကို လေဘေးသင့်အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့။
  • ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် ရသေ့တောင်တပ်နယ်၊ ကန်စောက်တပ်နယ်နှင့် ကျောက်တော်တပ်နယ်များရှိ တပ်မတော်သားမိသားစုဝင်များနှင့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံပြီး စားသောက်ဖွယ်ရာများနှင့် ကျောင်းသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ကာ မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့။

ထိုသို့ထောက်ပံ့ပေးအပ်မှုများအား လေဘေးသင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ရင်းရင်းနှီးနှီး လိုက်လံအားပေးစကားပြောကြားကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၅-၂၀၂၃)

  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ထောက်ပံ့ငွေ၊ ပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်များကို ထောက်ပံ့ ပေးအပ်လျက်ရှိ။

Add new comment