မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၂)အစည်းအဝေးသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်၊၊ အစည်းအဝေးတွင်-
- ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သတ္တုနှင့် ဝန်ဆောင်မှုကဏ္ဍများ၌ လုပ်ငန်းသစ် ၁၀ ခု ကိုခွင့်ပြုခဲ့၊၊
- လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂၄၁ ဒသမ ၇၉ သန်းနှင့် ငွေကျပ် ၈၀၆,၀၆၆ ဒသမ ၅၉၅ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂,၆၄၆ နေရာ ဖန်တီးပေးနိုင်ခဲ့၊၊
- ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှုံမှု ခွင့်ပြုမှုအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှုံမှုလုပ်ငန်း ၁၉ ခုက စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၇၉ ဒသမ ၃၉၅ သန်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှုံမှုအနေဖြင့် လုပ်ငန်းပေါင်း ၂၀ ခုက စုစုပေါင်း ငွေကျပ် ၁,၀၄၈,၀၂၉ ဒသမ ၂၁၅ သန်း ခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၂,၇၄၇ ခု ဖန်တီးပေးခဲ့ ကြောင်းပြောကြားခဲ့ပါသည်၊၊
- ၂၀၂၀-၂၀၂၁ ဘဏ္ဍနှစ်အတွင်း ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၅၂ ဘီလီယံဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုငွေကျပ် ၃၃၂ ဒသမ ၉၆၆ ဘီလီယံရရှိခဲ့ပါသည်၊၊
၂၀၂၀ -၂၀၂၁ ဘဏ္ဍနှစ်တွင် ဝင်ရောက်ခဲ့သော နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် လျှပ်စစ်ကဏ္ဍ ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ၊ စက်မှုဇုန်တည်ဆောက်မှုကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် တခြားကဏ္ဍများပါဝင်ပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် စက်မှုကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ တခြားဝန်ဆောင်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေး၊ လျှပ်စစ်စွမ်းအားနှင့် သတ္တုတူးဖော်ရေးကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတို့ပါဝင်ကြောင်း သိရှိရပါသည်၊၊
- လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂၄၁ ဒသမ ၇၉ သန်းနှင့် ငွေကျပ် ၈၀၆,၀၆၆ ဒသမ ၅၉၅ သန်းရှိပြီး ပြည်တွင်းလုပ်သား များအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂,၆၄၆ နေရာ ဖန်တီးပေးနိုင်ခဲ့၊၊
- ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှုံမှု ခွင့်ပြုမှုအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှုံမှုလုပ်ငန်း ၁၉ ခုက စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၇၉ ဒသမ ၃၉၅ သန်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှုံမှု အနေဖြင့် လုပ်ငန်းပေါင်း ၂၀ ခုက စုစုပေါင်း ငွေကျပ် ၁,၀၄၈,၀၂၉ ဒသမ ၂၁၅ သန်း ခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၂,၇၄၇ ခု ဖန်တီးပေးခဲ့၊၊
Add new comment