Grade-9၊ Grade-12 ဆင့် သင်ရိုးသစ်များကို ကျောင်းဖွင့်အမီ အရည်အသွေးပြည့်ဝစွာ သင်ကြားပေးနိုင်ရေးအတွက် သက်ဆိုင်ရာတက္ကသိုလ်၊ အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်သင်ကြား

   မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားခဲ့သည့် အမှာစကားများမှ ကျောင်းတက်သူဦးရေတိုးတက်ရေး၊ အတန်းကူးပြောင်းမှုနှုန်းမြင့်မားရေးတို့နှင့်စပ်လျဉ်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးမောင်ကိုက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်၊ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ တက္ကသိုလ်များ၊ အခြေခံပညာအထက်တန်းကျောင်းများတွင် မေ ၂၂ ရက်မှ ၂၄ ရက်ထိ ပြန်လည်ဆွေးနွေးပြောကြားခဲ့ရာ-

  • Grade-9၊ Grade-12 ဆင့် သင်ရိုးသစ်များကို ကျောင်းဖွင့်အမီ အရည်အသွေး ပြည့်ဝစွာ သင်ကြားပေးနိုင်ရေးအတွက် သက်ဆိုင်ရာတက္ကသိုလ်၊ အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်သင်ကြားပေးနေကြောင်း။

  • အနာဂတ်ပညာရေးနယ်ပယ်ကဏ္ဍများ မြင့်မားတိုးတက်ရေးအတွက် တစ်မျိုးသားလုံး ပညာရည်မြှင့်တင်မှုကို အမျိုးသားရေးတာဝန်တစ်ရပ်ဖြင့် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

  • ဆရာများ၏ အရည်အသွေးကို ဆန်းသစ်သည့် အယူအဆအတွေးအခေါ်သစ်များဖြင့် အမြဲတမ်းရှင်သန်မြှင့်တင်နေရန်အတွက် အစဉ်တစိုက်ကြိုးစားနေကြရမည်ဖြစ်ကြောင်း။

  • ဆရာ့ဂုဏ်နှင့် အလုပ်ပေါ်တန်ဖိုးထားပြီး နိုင်ငံအပေါ်သစ္စာရှိရှိဖြင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း။

  • အလယ်တန်းဆင့် Grade-9 ပြီးမြောက်အောင်မြင်ပြီး အထက်တန်းအဆင့်သို့ တက်ရောက်ရန် ခက်ခဲသည့် ကျောင်းသားကျောင်းသူများအတွက် သက်မွေးဝမ်းကျောင်းစက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ကြားနိုင်မည့် ကျောင်းများတွင် သင်ယူလေ့ကျင့် ခွင့်ရရှိနိုင်ရေးအတွက် လာမည့် ဇွန်လမှစတင် ၍ မန္တလေးတိုင်းဒေသကြီးအတွင်း ၅ ကျောင်းအပါအဝင် ခရိုင် ၅၀ အတွင်း မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်းတွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့။

အဆိုပါတွေ့ဆုံပွဲများသို့ ပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ နည်းပြများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီးများ၊ Grade-9၊ Grade-12 ဆင့် သင်ရိုးသစ်ဆင့်ပွား သင်တန်းများမှ အခြေခံဆရာဆရာမများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၏ မိဘများ၊ ကျောင်းအကျိုးဆောင်များ တတ်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၅-၂၀၂၃)

  • Grade-9၊ Grade-12 ဆင့် သင်ရိုးသစ်များကို ကျောင်းဖွင့်အမီ အရည်အသွေး ပြည့်ဝစွာ သင်ကြားပေးနိုင်ရေးအတွက် သက်ဆိုင်ရာတက္ကသိုလ်၊ အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်သင်ကြားပေးရေး၊ အလယ်တန်းဆင့် Grade-9 ပြီး မြောက်အောင်မြင်ပြီး သက်မွေးဝမ်း ကျောင်းစက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ကြားပေးနိုင်ရေး မန္တလေးတိုင်းဒေသကြီးအတွင်း ၅ ကျောင်း အပါအဝင် ခရိုင် ၅၀ အတွင်း မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်းတွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်နေ။

Add new comment