မြန်မာ(နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ(စတုတ္ထအကြိမ် မြန်မာ(လားရှိုး) - တရုတ်(လင်ချန်း)နယ်စပ်စီးပွားရေး ကုန်စည်ပြပွဲ) ဖွင့်ပွဲအခမ်းအနားကို မေလ ၂၅ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင်-
- ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေးကို ကုန်သွယ်မှုကဏ္ဍ၏ အရေးပါသည့်မူဝါဒတစ်ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်ကို အသိပေးပြောကြားလိုကြောင်း၊
- နှစ်နိုင်ငံကြားကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် အစိုးရအချင်းချင်းသာမက ပုဂ္ဂလိကလုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
- နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးတွင် မြန်မာနိုင်ငံက အဓိကတင်ပို့လျက်ရှိသည့် ထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံဈေးကွက်အတွင်း ကျယ်ပြန့်စွာတင်ပို့နိုင်ရေးသည် အရေးကြီးသည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်းသဘောတူညီချက်များကိုလည်း လိုအပ်သလို ညှိနှိုင်း ဆောင်ရွက်ပြီး မြန်မာပို့ကုန်များ ဈေးကွက်ပိုမိုရရှိရေး အကန့်အသတ်များ၊ အတားအဆီးများ လျှော့ချပေးစေလိုကြောင်း၊
- နှစ်ဖက်နယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နယ်စပ်ဒေသများတွင် ဘဏ်လုပ်ငန်းစနစ်များဖွံ့ဖြိုးတိုးတက်ရေး၊ ထောက်ပံ့ပို့ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်ရေးနှင့် ကုန်သွယ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများ လွယ်ကူစေရေးတို့ကိုလည်း နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့။
- မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာသံအမတ်ကြီး H.E. Mr. Chen Hai က မြန်မာနိုင်ငံသည် ယူနန်ပြည်နယ်၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး အကြီးဆုံးသွင်းကုန်အရင်းအမြစ်နှင့် ပို့ကုန်ဈေးကွက်ဖြစ်ပြီး လက်ရှိအချိန်တွင် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လာစေခြင်းသည် နှစ်ဦးနှစ်ဖက်တူညီသည့် မျှော်မှန်းချက်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်ပြည်သူများ၏ အခြေခံအကျိုး စီးပွားနှင့်ကိုက်ညီကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ အပြန်အလှန်သင်ယူလေ့လာမှု အားကောင်းစေရန်၊ ချစ်ခင် ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာစေရန် မြန်မာနိုင်ငံကို ထောက်ခံအားပေးရန်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့။
- ယခုစတုတ္ထအကြိမ်မြောက် ကုန်စည်ပြပွဲကို “ဖွံ့ဖြိုးမှုသစ်များ ရရှိဖို့ လမ်းကြောင်းသစ်များ တည်ဆောက်စို့” ခေါင်းစဉ်ဖြင့် နေပြည်တော်တွင် မေလ ၂၅ မှ ၂၈ ရက် အထိ ကျင်းပမည်ဖြစ်ပြီး ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် ကုမ္ပဏီ ၆၅ ခုမှ ပြခန်းပေါင်း ၇၉ ခန်း၊ တရုတ်နိုင်ငံကုန်သည်လုပ်ငန်းရှင် ၇၀ မှ ပြခန်းပေါင်း ၄၀ ခန့်က ဒေသထွက်စားသောက်ကုန်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ လက်ဖက်နှင့် ကော်ဖီ၊ လယ်ယာထွက်ကုန်များ၊ ကြိမ်နှင့်ဝါးထွက်ကုန်များ၊ သစ်သားပန်းပုများ၊ ပရိဘောဂများနှင့် ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းစသည်ဖြင့် ကဏ္ဍစုံပါဝင်ပြသလျက်ရှိ။
- ကုန်စည်ပြပွဲနှင့်ဆက်စပ်၍ မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဘက်မှ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တရုတ်လုပ်ငန်းရှင်စုစုပေါင်း ၂၀၀ ခန့် တက်ရောက် ခဲ့ပြီး တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာကုန်သွယ်ရေးလမ်းကြောင်းသစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။
- မေလ ၂၄ ရက်တွင် မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ အကြိုညစာစားပွဲကျင်းပခဲ့ရာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင် ၃၀၀ ခန့် ပါဝင်တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံကုန်သည်လုပ်ငန်းရှင်များအချင်းချင်း စီးပွားရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ မိတ်ဆက်ဆွေးနွေးခဲ့။
- တရုတ် - မြန်မာစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ရန်ရည်ရွယ်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E.Mr. Chen Hai က မေလ ၂၅ ရက်တွင် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai ၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် လင်ချန်းမြို့ မြို့တော်ဝန်၊ မြန်မာ-တရုတ်နှစ်နိုင်ငံမှ ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၅-၂၀၂၃)
- မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို မေလ ၂၅ မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်အသင်းအဖွဲ့ များနှင့် ကုမ္ပဏီ ၆၅ ခုမှ ပြခန်းပေါင်း ၇၉ ခန်း၊ တရုတ်နိုင်ငံကုန်သည်လုပ်ငန်း ရှင် ၇၀ မှ ပြခန်းပေါင်း ၄၀ ခန့်က ကဏ္ဍစုံ ပါဝင်ပြသလျက်ရှိ။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေးကို ကုန်သွယ်မှုကဏ္ဍ၏ အရေးပါသည့်မူဝါဒတစ်ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိ။
- နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးတွင် မြန်မာနိုင်ငံက အဓိကတင်ပို့လျက်ရှိသည့် ထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံဈေးကွက်အတွင်း ကျယ်ပြန့်စွာတင်ပို့နိုင်ရေးသည် အရေးကြီးသည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်းသဘောတူညီချက်များကိုလည်း လိုအပ်သလို ညှိနှိုင်း ဆောင်ရွက်ပြီး မြန်မာပို့ကုန်များ ဈေးကွက်ပိုမိုရရှိရေး အကန့်အသတ်များ၊ အတားအဆီးများ လျှော့ချပေးစေလို။
- တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ အပြန်အလှန်သင်ယူလေ့လာမှုအား ကောင်းစေရန်၊ ချစ်ခင်ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာစေရန် မြန်မာနိုင်ငံကို ထောက်ခံအားပေးရန်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီရန် ဆန္ဒရှိ။
Add new comment