ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား ပို့ဆောင်

        မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများအား တပ်မတော်မှ လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် နေ့စဉ်ပို့ဆောင်ပေးလျက်ရှိပါသည်။

  • မေလ ၂၄ ရက်တွင် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ် ၃ စင်းဖြင့် ဆိုလာ ၂၀၀ စုံ၊ Ground Sheet များ၊ ရွက်ဖျင်တဲများ၊ အိပ်ရာခင်းများ၊ အဝတ်အထည်များ၊ စားသောက်ကုန်ပစ္စည်းများ၊ ပြန်လည်ထူထောင်ရေး အသုံးအဆောင်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ သွပ်ဆိုဒ်စုံ ၆,၀၀၀ ချပ်၊ မိုးကာတဲ ၄၂ ထုပ်၊ မိုးကာလိပ် ၁၂၅ လိပ် ဆောက်လုပ်ရေးလုပ်ငန်းသုံး backhoe ၃ စီး၊ ရိက္ခာထုပ် ၁၉၂ ထုပ်နှင့် စားသောက်ကုန်များ စုစုပေါင်းကုန်တန် ချိန် ၉၈ တန်ခန့်အားပို့ဆောင်ခဲ့။

  • မေလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ၅၆ မီတာ ကမ်းထိုးရေယာဉ် ၂ စီးဖြင့် နယ်မြေခံအခြေချယန္တယားအလုပ်ရုံမှ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ် CAT 320 EXCAVATOR ၂ စီးနှင့် WHEEL LOADER ၁ စီး၊ EXCAVATOR ၃ စီး စုစုပေါင်းကုန်တန်ချိန် ၇၀ တန်ခန့်အားလည်းကောင်း ပို့ဆောင်ခဲ့။

  • အလားတူ MCL ကုမ္ပဏီပိုင် အလျား(၂၄၀) ပေ၊ အနံ(၆၀) ပေ၊ ရေစူး(၁၅) ပေ စုစုပေါင်း (၂,၆၀ဂ) မက်ထရစ်တန် တင်ဆောင်နိုင်သည့် MV- MCL 5 ရေယာဉ် ဖြင့် ထောက်ပံ့ရေးပစ္စည်းမျိုးစုံဖြစ်သည့် မြန်မာ့သစ်လုပ်ငန်းမှ သစ်ဆိုဒ်မျိုးစုံ (၂၀၉.၄၉၄၅)တန်၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ပစ္စည်းစီမံရေးရာဌာန (ရန်ကုန်)မှ 600 V Cable Meter(၄၀,၀၀၀)၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာနမှ အိမ်ဆောက်ပစ္စည်းများ၊ မိုးကာတဲများ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ဆန် (၁၉,၁၈၀)အိတ် စုစုပေါင်း(၂,၄၀၀) မက်ထရစ် တန်တင်ဆောင်၍ ပို့ဆောင်ပေးခဲ့။

  • မေလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အာဆီယံနိုင်ငံများမှ လှူဒါန်းသည့် စားသောက်ဖွယ်ရာပစ္စည်းများ၊ ဆေးကုသရေးဆိုင်ရာပစ္စည်းများ၊ ရေသန့်ဆေးပြားများ၊ ပြန်လည်တည်ဆောက်ရေးဆိုင်ရာပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကာလိပ်များ၊ အဝတ်အထည်များ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ကော်ဖီထုပ်များ၊ သွားတိုက်ဆေးများ၊ စည်သွတ်ဘူးများကို တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်များဖြင့် ၇ ကြိမ် ပို့ဆောင်ပေးခဲ့။

အဆိုပါတပ်မတော် လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် ရောက်ရှိလာသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် မုန်တိုင်းဒဏ်သင့် မြို့နှင့် ကျေးရွာများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၅-၂၀၂၃)

  • ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံး မှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား လေယာဉ်/ရဟတ်ယာဉ်၊ စစ်ရေယာဉ်များဖြင့် ပို့ဆောင်ခဲ့။

Add new comment