(၁၁) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၇) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများနှင့် အာဆီယံ+၃ နိုင်ငံများအစည်းအဝေးကျင်းပ

          မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၁) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၇) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများနှင့် အာဆီယံ+၃ နိုင်ငံများအစည်းအဝေး (11th ASEAN Ministerial Meeting on Social Welfare and Development and 7th ASEAN Plus Three Ministerial Meeting on Social Welfare and Development- 11th AMMSWD Meeting and 7th AMMSWD+3) ကို မေလ ၂၅ ရက်တွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား လမ်းညွှန်ချက်များ ချမှတ်ဆောင်ရွက်မှုအခြေအနေများ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်းဒဏ်သင့်နေရာများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ASEAN နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ၂၀၂၅ ခုနှစ်တွင် (၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး နှင့် (၈) ကြိမ်မြောက်အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာဝန်ကြီးများနှင့် အာဆီယံ+၃ နိုင်ငံများအစည်းအဝေးတို့အား မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန် အတည်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစီအစဉ်အရ အာဆီယံ+၃ နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များက အာဆီယံနိုင်ငံများ၏ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများအား ပါဝင်ဆွေး နွေးခဲ့ပြီး အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးအလှည့်ကျဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၅-၂၀၂၃)

  • အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလမ်းညွှန်ချက်များ ချမှတ်ဆောင်ရွက်မှု အခြေအနေများနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်းဒဏ်သင့်နေရာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ASEAN နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများအား ထည့်သွင်း ဆွေးနွေးပြောကြားခဲ့။
  • ၂၀၂၅ ခုနှစ်တွင် (၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၈) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများနှင့် အာဆီယံ+၃ နိုင်ငံများ အစည်းအဝေးတို့အား မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန် အတည်ပြု။

Add new comment