(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့အကြား လူကုန်ကူးမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစည်းအဝေးကို မေလ ၂၅ ရက်တွင် နေပြည်တော် Park Royal Hotel ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဗိုလ်ချုပ် အောင်အောင်ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် Pol. Gen. Surachate Hakparn ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေးကိစ္စရပ်များ၊ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံနယ်စပ်မြို့များသို့ နိုင်ငံခြားသားများ တရားမဝင် လာရောက်အလုပ်လုပ်ကိုင်မှုဖြစ်စဉ်များ၊ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော လူကုန်ကူးမှုကျူးလွန်သူတရားခံများ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အရေးယူခံရပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံများအား စုံစမ်းဖမ်းဆီးလွှဲပြောင်းပေးနိုင်ရေးနှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တရားမဝင် ဝင်/ထွက် သွားလာမှုများကို ပူးပေါင်းတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၅-၂၀၂၃)
- (၁၀) ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့အကြား လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစည်းအဝေးတွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အရေးယူခံရပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံများအား စုံစမ်းဖမ်းဆီးလွှဲပြောင်း ပေးနိုင်ရေးနှင့် မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်တစ်လျှောက် တရားမဝင် ဝင်/ထွက်သွားလာမှုများကို ပူးပေါင်းတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။
Add new comment